Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 13, 2013

12 YEARS A SLAVE

12 Years A Slaveအမေရိကန် နိုင်ငံရဲ့ သမိုင်းမှာ အရိပ်မည်း တစ်ခုအဖြစ် ထင်ကျန်ခဲ့တဲ့ ကျွန်စနစ်၊ ကျွန်ခေတ်ရဲ့ အရိပ် အောက်က ရက် စက်မှု အလီလီကို 12 Years a Slave ရုပ်ရှင် ဖန်သားပြင် ပေါ်မှာ ကွက်ကွက် ကွင်းကွင်း မြင်တွေ့ ရတော့မှာပါ။
Release: 18 October 2013 (USA)
Genres: Biography, Drama, History
MPAA: Rated R for violence/cruelty, some nudity and brief sexuality
Director: Steve McQueen
Screenplay: John Ridley
Cast: Chiwetel Ejiofor, Brad Pitt, Michael Fassbender, Benedict Cumberbatch, Paul Dano, Paul Giamatti, Lupita Nyong'o, Sarah Paulson.
အမေရိကန် နိုင်ငံရဲ့ သမိုင်းမှာ အရိပ်မည်း တစ်ခု အဖြစ် ထင်ကျန်တဲ့ ကျွန်စနစ်၊ ကျွန်ခေတ်ရဲ့ အရိပ် အောက်က ရက်စက်မှု အလီလီကို သမိုင်း စာမျက်နှာ တကျော့ပြန် လှန်ထားတဲ့ 12 Years a Slave ရုပ်ရှင်ဟာ ဒီနှစ်ရဲ့ အကောင်း ဆုံး ဇာတ်ကား အော်စကာဆု အတွက် အလား အလာ အရှိဆုံး ရုပ်ရှင် ဇာတ်ကား အဖြစ် ခန့်မှန်း ထား ကြတဲ့ အပြင်၊ စနစ်ဆိုး တစ်ခုရဲ့ နောက်ဆက် တွဲ အနိ ဌာရုံတွေ၊ ရင်နင့်ဖွယ် ပြကွက် တွေကို မထိန်ချန်ဘဲ ဖွင့်ဟ ထားမှာမို့ ကြည့်ရှုသူ ပရိသတ်ရဲ့ ရင်ကို ကသိ ကအောက် ဖြစ်စေတဲ့ ဇာတ်ကား တစ်ကား အဖြစ်လည်း နာမည် ထွက်လာခဲ့ ပါတယ်။

အမေရိကန် ပြည်တွင်းစစ် မတိုင်မီ ကာလ လောက်က ထွက်ရှိ ခဲ့ပြီး အရောင်း ရဆုံး စာရင်းဝင် ဖြစ်ခဲ့ ဘူးတဲ့ "ကျွန်အဖြစ် ၁၂နှစ် တာမျှ သွတ်သွင်း ခံရခြင်း (သို့) Solomon Northup ရဲ့ပုံပြင်" [မူရင်း ၀တ္ထု အမည်ကို အတိုချုံး ထားပါတယ်။] ဆိုတဲ့ ကိုယ်ရေး အတ္ထုပတ္တိ စာအုပ်ကို မှီငြမ်းပြီး၊ British ဒါရိုက်တာ Steve McQueen ကနေ ဖြစ်ရပ်မှန် အခြေခံ ရုပ်ရှင် အဖြစ် သက်ဝင် ခံစား တင်ဆက် ထားပုံ ကတော့..။၁၈၄၁ ခုနှစ် New York မြို့အတိတ် ကာလ ပြကွက်တွေနဲ့ ဇာတ်အိမ်ကို အစပျိုး မှာပါ။ လွတ်လပ်တဲ့ မြို့ခံ တစ်ဦးဖြစ်တဲ့ တယော ပညာရှင် Solomon Northup ဟာ သူတတ် ကျွမ်းတဲ့ ဂီတ ပညာကို အရင်းပြု ၀မ်းစာရှာပြီး မိသားစု ဘ၀ တစ်ခုကို ဖြတ်သန်း နေသူ လူမည်း အမျိုးသား တစ်ဦးပါ။ သူဟာ ဇနီး ဖြစ်သူနဲ့ ကလေး ၃ယောက်တို့ နဲ့အတူ Saratoga Springs မှာ နေထိုင်ပြီး လူယဉ်ကျေး မိသားစု ထဲမှာ ကြီးပြင်း လာခဲ့သူ တစ်ဦး ပါဘဲ။ သူ့ရဲ့ ဂီတ ပါရမီဟာ Northup ကို သူကျင် လည်ရာ လူ့အသိုင်း အ၀ိုင်းရဲ့ တလေး တစား ဆက်ဆံခြင်း ခံရတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်စေခဲ့ သလို၊ အဲ့ဒီ့ ဂီတ ပါရမီ ကြောင့်ဘဲ သူ့ဘ၀မှာ အလူးအလဲ ခံစား ရဖို့ကို အကြောင်းဖန် လာခဲ့တယ်လို့ ပြောရမှာပါ။ Washington DC မှာကျင်းပ တဲ့ နယ်လှည့် ဖျော်ဖြေပွဲ တစ်ခုမှာ ပါဝင် တီးခတ် ပေးရမယ့် အလုပ်ကို ငွေရွှင်မယ့် အလုပ် တစ်ခု အမှတ်နဲ့ သူလက်ခံ ခဲ့ပြီးနောက် မှာတော့ ကျွန် ကုန်သည် တွေရဲ့ လှည့်ကွက် ထဲကို အမှတ် မထင် သက်ဆင်း မိတဲ့ Northup တစ်ယောက် အိမ်နဲ့ ဝေးရာမှာ ပြန်ပေးဆွဲ ခံခဲ့ရပြီး ကျွန်အဖြစ် အဓမ္မ သွတ်သွင်း ရောင်း စားခံ ခဲ့ရတော့ ပါတယ်။အဲ့ဒီခေတ်က သက်ဆိုင်ရာ ပြည်နယ် ကနေ ထုတ်ပေး လေ့ရှိတဲ့ လွတ်လပ်တဲ့ လူမည်း ပြည်သူ ဖြစ်ကြောင်း အထောက် အထား Free Paper တွေလည်း ဖျက်ဆီး ခံခဲ့ရပြီး၊ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ သက်သေ မပြနိုင် တော့တဲ့ Northup ဟာ Platt ဆိုတဲ့ အမည်နဲ့ လူမည်း ကျွန် တစ်ဦး ဖြစ်လာခဲ့ ပါတယ်။

ကျွန်ကုန် ကူးတဲ့ သဘောင်္ တွေပေါ်မှာ သံကြိုးခတ် ခံထားရတဲ့ တခြား လူမည်း ကျွန် တွေနဲ့ အတူ ငရဲဘုံသား ပမာ ဖိနှိပ်ခံ ဘ၀ ပိုင်ရှင်မျိုး တွေရဲ့ အချက် အခြာမြေ Louisiana ပြည်နယ် ယာခင်း တွေဆီကို Platt တစ်ယောက် ရောက်ရှိလာ ခဲ့ချိန် မှာတော့ ကျွန်ဘ၀က လွတ်မြောက် ပြီး မိသားစုနဲ့ ပြန်ဆုံ စည်းဖို့ လမ်းစမျိုး ဆိုတာ ဝေးလို့၊ လက်ရှိ ဘ၀မှာ အသက် ဆက်ရှင် ခွင့်ရဖို့ သူအရင်ဆုံး လုပ်ရမှာ ကတော့ အတိတ် ကာလတုန်းက ပညာတတ် အသိုင်း အ၀ိုင်းမှာ ကြီးပြင်း ခဲ့ရသူ တစ်ဦး ဖြစ်တဲ့ Solomon Northup ရဲ့ဘ၀ကို အပြီးအပိုင် ဇာတ်မြှုပ် ထားလိုက် ဖို့ဘဲ ဖြစ်ပါတော့တယ်။12 Years a Slave မှာအဓိက ဇာတ်ကောင် ဖြစ်တဲ့ Northup ဟာစရိုက် မျိုးစုံနဲ့ လူဖြူကျွန် ပိုင်ရှင်တွေ တစ်လက်ပြီး တစ်လက်ရဲ့ အောက်မှာ သွေးပျက် စရာ အတွေ့ အကြုံ မျိုးတွေ၊ ရက်စက်မှု တွေအပြင်၊ လွတ်မြောက် နိုင်မယ့် မျှော်လင့် ချက်မျိုး တွေကိုလည်း ၁၂နှစ်တာ ကာလ အတွင်း ကိုယ်တိုင် တွေ့ကြုံ ခံစားခဲ့ ရသူ တစ်ဦးပါ။ ကိုယ်ပိုင် ခံစားချက် အလုံးစုံနဲ့ ဂုဏ်သိက္ခာ တွေကို ချိုးနှိမ် ဖုံးအုပ် ထားပြီး အသက် ဆက်နေရ သူ တစ်ဦးရဲ့ဇာတ်ကောင် စရိုက်မျိုး ဖြစ်တဲ့ အလျောက် ပရိသတ်တွေ ယုံကြည် သက်ဝင် လာအောင် ဇာတ်ရုပ် ဖော်နိုင်မယ့် သရုပ်ဆောင်မျိုး ရှိပါ့မလား ဆိုတာ စိတ်ဝင်စား ကြမှာပါ။ ဒါရိုက်တာ Steve McQueen ဟာ တောက်မယ့် မီးခဲတရဲရဲ ကိုများ ဒီဇာတ်ကား နဲ့အတူ ပွဲထုတ် လိုက် လေသလား။ ယခင် ရုပ်ရှင် တွေမှာ ဇာတ်ပို့ ဇာတ်ရံ နေရာမျိုး နဲ့သာ ပရိသတ် တွေ မျက်မှန်း တမ်းမိတဲ့ British သရုပ်ဆောင် Chiwetel Ejiofor ဟာ Northup ရဲ့ဇာတ်ကောင် စရိုက်ကို ရွှန်းရွှန်း ဝေတဲ့ Dialogue တွေမပါဘဲ မျက်ရည် လည်ရွဲ မျက်လုံး အကြည့်တွေ နဲ့တင် သဘာဝ ကျကျ ဇာတ်ရုပ် ဖော်ပြီး ပွဲထိမ်းသွား နိုင်ခဲ့ ပါတယ်။"12 Years" ကိုဇာတ်ရှိန် တက်သထက် တက် လာအောင် ပံ့ပိုးခဲ့ သူတွေ ထဲမှာ မပြောမဖြစ် သရုပ် ဆောင်တွေ ရှိပါ သေးတယ်။ ကျွန်တွေကို ဆက်ဆံ ရာမှာ ရက်စက်မှု လွန်ကဲတဲ့ ကျွန်ပိုင်ရှင် Edwin Epps ကို စက်ဆုပ်ဖွယ် အတိနဲ့ Villain စရိုက်မျိုး အပြင်၊ လက်အောက်ခံ ကျွန်တွေ ထဲက Petsey ဆိုတဲ့ ကျွန်မလေး ကိုမှ ရူးသွပ် စွဲလမ်း နေသူ တစ်ဦး အဖြစ် ရှုပ်ထွေးတဲ့ ဇာတ်ပို့ နေရာ တစ်ခုကို ဆောင်ကျဉ်း ပေးခဲ့သူ ကတော့ ဒါရိုက်တာ McQueen နဲ့ယခင် ဇာတ်ကား တွေမှာလည်း လက်တွဲ ဖူးတဲ့ မင်းသား Michael Fassbender ပါဘဲ။

တစ်ဖက် မှာလည်း လူဖြူ ယာခင်းပိုင်ရှင် Epps ရဲ့ရက်စက် မှုတွေ၊ အလို မတူဘဲ ခြေတော်တင် ခံရတာ တွေစတဲ့ ကိုယ်စိတ် ဒဏ်ရာ တွေကို ခါးစည်းပြီး အသက် ဆက် နေရမယ့် အစား၊ သေပွဲ ၀င်ဖို့ကို ပိုပြီး စိတ်အား သန်သူ လူမည်း ကျွန်မလေး တစ်ဦး အဖြစ် Kenya နိုင်ငံမှာ ကြီးပြင်း ခဲ့သူ မျက်နှာသစ် သရုပ်ဆောင် Lupita Nyong'o ကနေ Petsey ရဲ့ဇာတ်ကောင် စရိုက်ကို အံဝင် ဂွင်ကျ အသက်သွင်း ပေးထား ပါသေးတယ်။သရုပ်ဆောင် ဝေေ၀ ဆာဆာနဲ့ "12 Years" မှာနောက်ထပ် ကွဲပြားတဲ့ ကျွန်ပိုင်ရှင် စရိုက် တွေကနေ ပရိသတ်တွေ မြင်တွေ့ ရအုံးမယ့် Hollywood ရဲ့ A-List Actor တွေကတော့ Benedict Cumberbatch (Star Trek Into Darkness)၊ Paul Dano (Prisoners) နဲ့ စိတ် သဘော ထား ပြည့်ဝတဲ့ ကျွန်ပိုင်ရှင် Bass အဖြစ် ဒီ ဇာတ်ကားရဲ့ ထုတ်လုပ်သူ တစ်ဦး လည်း ဖြစ်တဲ့ မင်းသား Brad Pitt အထူး ပါဝင် အားဖြည့် ထားပါ တယ်။ ယာစိုက်ခင်း ကျယ်ကြီးတွေ၊ သာယာ အေးချမ်းတဲ့ ရှုခင်း မျိုးတွေ နောက်ခံ ထားပြီး ရုပ်ရှင် တွေ ထဲမှာ ဖော်ကြူး နေကျ Antebellum တောင်ပိုင်း နယ်ရဲ့ ပုံရိပ်တွေဟာ ဒါရိုက်တာ McQueen ရဲ့ "12 Years a Slave" ဇာတ်ကား မှာတော့ စနစ်ဆိုး တစ်ခုရဲ့ နောက် ကွယ်က လူမဆန်တဲ့ ရက်စက်မှု မျိုးတွေ၊ အကြင်နာ တရား ကင်းမဲ့ခြင်း အတိ ဖုံးလွှမ်း တဲ့ သွေးစွန်း လွင်ပြင်တွေ အဖြစ်နဲ့သာ ပရိသတ် အာရုံမှာ အစဉ် ငြိကျန် နေ တော့မှာ ဖြစ်ပါ ကြောင်း။ Images from www.nydailynews.com, www.okayplayer.com, www.christianpost.com, www.cbsnews.com

http://www.mymclub.net/main/index.php/mymhot/item/12-years-a-slave






12 Years A Slave



12 Years A Slave



12 Years A Slave



12 Years A Slave


12 Years A Slave 

No comments:

Post a Comment