Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 18, 2013

Victoria's Secret၏ ရတနာစီခြယ် ဘရာစီယာကို ကန်ဒိုက်စ် ဝတ်ဆင်ခွင့်ရ



သက်တော်စောင့် နှစ်ဦးရှိမှ ဝတ်ဆင်နိုင်မည့် ဘရာစီယာဟု တင်စားထားသည့် ယင်းရတနာစီခြယ် အနုပညာ လက်ရာသည် ဒေါ်လာ (၁၀)သန်းမျှ တန်ဖိုးရှိနေကြောင်း သိရသည်။

Victoria's Secret၏ နှစ်စဉ်ကျင်းပလေ့ရှိသည့် အထူးဖက်ရှင်ပွဲ၏ အထူးစီမံ ဖန်တီးမှု တစ်ခုဖြစ်သည့် ရတနာစီခြယ် အတွင်းခံ အဝတ်အထည်ကို ယခုနှစ်အတွက် ဝတ်ဆင်ခွင့်ရသူအဖြစ် ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။ သက်တော်စောင့် နှစ်ဦးရှိမှ ဝတ်ဆင်နိုင်မည့် ဘရာစီယာဟု တင်စားထားသည့် ယင်းရတနာစီခြယ် အနုပညာ လက်ရာသည် ဒေါ်လာ (၁၀)သန်းမျှ တန်ဖိုးရှိနေကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ တောင်အာဖရိက အလှမယ် ကန်ဒိုက်စ်သည် နယူးယော့ခ်တွင် ယခုနှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် Victoria's Secret အထူးပွဲစဉ်တွင် အဆိုပါ အနီရောင် အတွင်းခံဖြင့် ကိုယ်ဟန်ပြမည် ဖြစ်သည်။ ယင်းအတွင်းခံ ဘရာစီယာကို Royal Fantasy Braဟု အမည်ပေးထားပြီး ကမ္ဘာကျော် ကျောက်မျက်ရတနာ လုပ်ငန်းစု Mouawadက တာဝန်ယူ ဖန်တီးခဲ့သည်။ Royal Fantasy Braကို တောက်လျှောက် အစောင့်အကြပ် တင်းကျပ်စွာဖြင့် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

အတွင်းခံ ဘရာစီယာကို (၁၈)ကာရက် ရွှေသားစစ်စစ်ဖြင့် ရက်လုပ်ထားပြီး လိုက်ဖက်သော ခါးပတ်တစ်ခုလည်း ပါရှိမည် ဖြစ်သည်။ ယင်းအတွင်းခံ အဝတ်အစားတွင် အဖိုးထိုက်တန်လှသည့် ကျောက်မျက်ရတနာ (၄၂၀၀)ကျော် ထည့်သွင်း စီခြယ်ထားသည်။ အလယ်တည့်တည့်တွင် ရွှေသားကွပ်ထားသည့် (၅၂)ကာရက် ပတ္တမြားကြီး တစ်လုံးကိုလည်း ထည့်သွင်းတပ်ဆင်ထားသေးသည်။ ဘရာစီယာတွင် ပတ္တမြား၊ စိန်နှင့် နီလာ အဝါရောင် ကျောက်မျက်များဖြင့် အလှဆင်ထားသည်။ "ဒီနှစ်ရဲ့ စိတ်ကူးယဉ်စရာ ဘရာစီယာကို Victoria's Secretအတွက် ဝတ်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေမိတယ်"ဟု ကန်ဒိုက်စ်က Twitterတွင် ရေးသားခဲ့သလို ယင်းအတွင်းခံကို အစမ်းဝတ်ဆင်ထားသည့် ဓာတ်ပုံကိုလည်း လွှင့်တင်ခဲ့သည်။

Victoria's Secretသည် နှစ်စဉ်နှစ်တိုင်း အဖိုးထိုက်တန်သည့် ရတနာစီခြယ် ဘရာစီယာများကို ဖန်တီးကာ နာမည်ကျော် မော်ဒယ်လ်များကို ဝတ်ဆင်စေခဲ့ဖူးသည်။ ယခင်က အဆိုပါ အမျိုးသမီး အတွင်းခံ ဖက်ရှင် ကုမ္ပဏီကြီး၏ ရတနာစီခြယ် ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆီလီဘန်ချန်၊ ဟေဒီကလမ်၊ အလက်ဇန္ဒရို အမ်ဘရိုစီယို၊ အေဒရီယန်လီမာနှင့် ကလော်ဒီယာ ရှက်ဖားတို့က ဝတ်ဆင်ပြီး ကိုယ်ဟန်ပြခဲ့ဖူးသည်။ ယင်းတို့အနက် အဖိုးအတန်ဆုံးသည် (၂၀၀၀)ပြည့်နှစ်က ဂီဆီလီ ဝတ်ဆင်ခဲ့သော ဘရာစီယာဖြစ်ပြီး ဒေါ်လာ (၁၅)သန်းထိ တန်ဖိုးရှိခဲ့ကြောင်း သိရှိရသည်။

From: Planet Myanmar Network

No comments:

Post a Comment