Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

မြန်မာဘောလုံး အသင်း Theme Song ကို တေးသံရှင် လင်းလင်း ရေးစပ်ပေးမည်


အောက်တိုဘာလ ၁၅ရက်နေ့ က သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနှင့် ဗီ ယက်နမ် အသင်းဘောလုံးပွဲ တွင် မြန်မာဘောလုံးအသင်း၏ အမာခံ Fan Club အဖွဲ့ဝင်များက ဆီးဂိမ်း တွင်အားပေးမည့်ပုံစံများအတွက် အစမ်း လေ့ကျင့်ခဲ့ကြကြောင်း သိရ သည်။အဆိုပါအမာခံ Fan Club ၏အားပေးသည့် စိတ် အားတက်ကြွ စာသားအတို လေး များကို ဘင် ခရာတီးဝိုင်းနှင့် အတူတေးသံ ရှင်လင်း လင်း က ကူညီပေးထားကြောင်း သိရသည်။

“အောက်တိုဘာ ၁၅ရက်ပွဲ မှာ အားပေးတဲ့ စာသားအတိုလေးတွေ ကို တိုက်ကြတယ်။ ဘင်ခရာအဖွဲ့ တွေနဲ့အတူပေါ့။ မြန်မာဘောလုံး အသင်းရဲ့ အမာခံ Fan Club တွေနဲ့ အတူ တိုက်ကြတာပါ။ ကျွန်တော်က ဒီစာသားလေး တွေအပြင် မြန်မာ ဘောလုံး အသင်းရဲ့Theme Song ကိုလည်းရေးမှာပါ” ဟုတေးသံရှင် လင်းလင်းကပြော သည်။

မြန်မာဘောလုံးအသင်း ၏ Theme Song ရေးစပ် ပုံနှင့်ပတ်သက်၍တေး သံရှင် လင်းလင်းက “အဲဒါက ဒီလ ကုန်လောက်တော့ အပြီး ပေးရ မယ်။ခုတော့ တစ်ဝက် နီးပါး ပြီး နေပါပြီ။ ဒီ Theme Song က ဆီးဂိမ်း ဘောလုံးပြိုင် ပွဲအတွက်တစ်ခု တည်း ရည်ရွယ်တာ မဟုတ်ဘူး။ မြန်မာ ဘောလုံးအသင်း အမျိုး သားရော၊ အမျိုးသမီး ပွဲတွေအားလုံးအတွက် ရည် ရွယ်တဲ့သဘောပါ။ သီချင်းပုံစံကိုတော့ အမျိုး သားရော၊အမျိုးသမီးရော အားလုံးပျော်ပျော် ပါး ပါးလိုက်ဆိုလို့ရမယ့် ပုံစံမျိုး လေးေ ရးထားပါ တယ်။ Dream Lover တီးဝိုင်းနဲ့ တီးထားတာ ပါ။ ကွင်းထဲမှာ ပရိသတ် အား လုံးတစ်ညီတစ်ညွတ်တည်း ဆို လို့ရဖို့ရည်ရွယ် တာပါ” ဟု ပြောသည်။ အဆိုပါTheme Song ကိုမြန်မာဘောလုံးအသင်း Fan Club အဖွဲ့ဝင်များ အားသီချင်းတိုက်လေ့ကျင့်ပြီး အား လုံး တညီတညာသီဆိုဟစ်ကြွေး အားပေးသွားကြရန်ရည်ရွယ် ကြောင်း လည်းသိရသည်။

ရဲရဲ
Popular Journal

No comments:

Post a Comment