CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
RNDP ပါတီဝင်များဖမ်းခံရမှုကို ရက္ခိုင့်တပ်မတော် လက်တုန့် ပြန်ပြီ
မှတ်ချက် ။******ယခုသတင်းမှန်မမှန် အတည်ပြုချက်မရှိသေးပါ*****
ယခုရက်ပိုင်းရန်ကုန်မြို့ တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိသောကြောင့်
ပြည်သူအများ အထိတ်တလန့်  ဖြစ်နေရသည်မှာ အားလုံး သိရှိပြီးဖြစ်ပါလိမ့်မည်။
အင်းစိန်၊ စော်ဘွားကြီးကုန်း၊ သာကေတ၊ တာမွေတို့ တွင်
ပေါက်ကွဲမှုများမဖြစ်ပွားစဉ်ကာလက ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ပါဝင်သည်ဆိုကာ RNDP ပါတီမှ ပါတီဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရခိုင်လူထုနှင့် ပါတီဝင်များအကြားတွင် အစိုးရအား မကျေနပ်မှုများ မြင့်တက်လာခဲ့ကြောင်း သတင်းများဆက်တိုက်တက်လာခဲ့ပါသည်။ ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်းတွင်
လွတ်မြောက်နေသည့် ပါတီဝင်အချို့ မှာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း ကော့ဘဇား
ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံခဲ့ပြီး RNDP ဥက္ကဌဖြစ်သူ ဦးအေးမောင်ကလည်း
၂၄နာရီအတွင်း ဖမ်းဆီးထားသည့် ပါတီဝင်များကို လွှတ်ပေးခြင်းမရှိပါက လက်တုန်
့ပြန်မည်ဟု ရာဇသံပေးခဲ့ပါသည်။ ထို့ နောက် ဖမ်းဆီးထိန်းသိမ်းထားသည့်ထောင်သို့ သွားရောက် ကာ ပြန်လွှတ်ပေးရေး အတွက် ချော့တစ် မျိုးခြောက်တစ်လှည့်ဖြင့်
သွားရောက် နှောင့်ယှက်နေသည့်အတွက် ကျောက်ဖြူထောင်သို့ ရွှေ့ ပြောင်း
အကျဉ်းချထားခဲ့ပါသည်။ ထို့ အပြင် RNDP ပါတီအားအစိုးရမှ ဖျက်သိမ်းမည်ဆိုသည့်
သတင်းကြောင့် ရခိုင်ပါတီနှစ်ခု ပူးပေါင်းကာ ပါတီသစ်တစ်ခုအဖြစ်
ထူထောင်ခဲ့ပါသည်။ ၄င်းတို့ ၏ ပါတီဝင်များ လွှတ်ပေးခြင်းမရှိသည့်အတွက် RNDP
ဦးအေးမောင် ကျောထောက်နောက်ခံပြုထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထားသည့် အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့်  ပြန်ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်း ALP ၏ အိန္ဒိယနယ်စပ်ရှိ ဆက်ဆံရေးရုံးမှ သတင်းထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ အပြင် အဖရခိုင်ပြည် ခွဲထွက်ရန်အတွက် တိုက်ပွဲ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် “၀” တပ်မှ လက်နက်များလည်း ၀ယ်ယူစုဆောင်းပြည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။
ပေးပို့သူ==== ရက္ခိုင့်သွီး
မှုရင်းလင့်http://kingsofnews.blogspot.com/2013/10/rndp.html
RNDP ပါတီဝင်များဖမ်းခံရမှုကို ရက္ခိုင့်တပ်မတော် လက်တုန့် ပြန်ပြီ
Reviewed by
VC
on
October 13, 2013
Rating:
5
No comments:
Post a Comment