Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 9, 2013

မိုးစက်ဝိုင်အား ယနေ့ညနေ၅နာရီ၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြမည့် အကြောင်းအရာနှင့်ပတ်သက်ပြီး Miss Universe MyanmarOrganization မှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းဖြေကြား...

Miss Universe ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်
မည့် မိုးစက်ဝိုင်သည် မြန်မာနိုင်ငံသားစစ်စစ်မဟုတ်ဟူသော ဝေဖန်ချက်
ဖြင့်ယနေ့ညနေ ၅နာရီ၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ကြမည်ဆို
သည့် သတင်းနဲ့ပတ်သက်ပြီး Miss Universe Myanmar Organization
မှတာဝန်ရှိသူတစ်ဦးက ပြန်လည်ရှင်းလင်းခဲ့သည်မှာ ´´ ဖေ့စ်ဘွတ်ခ်ဆို
တာကလူပေါင်းစုံသုံးနေကြတော့ စိတ်ဓာတ်ပေါင်းစုံတွေ့ရပါတယ်။လူတိုင်း
မှာကိုယ့်ကိုလိုလားတဲ့သူရှိသလို မလိုလားတဲ့သူရှိတတ်ကြတယ်။မိုးစက်
ကိုလည်းလိုသူရှိသလို မလိုလားသူရှိမှာပါပဲ။သူသွားရမယ့်စင်မြင့်ကလည်း
ကမ္ဘာပေါ်မှာ အကြီးဆုံးစင်မြင့်ဖြစ်နေတယ်။ကျွန်တော်တို့ကတော့အခုဖြစ်
နေတဲ့ပြသနာတွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ကိုယ့်အလုပ်ပဲ
ဆက်လုပ်သွားမှာပါ။ဒီကိစ္စအတွက်စာနယ်ဇင်းရှင်းလင်းပွဲလည်းလုပ်မှာမဟုတ်ပါဘူး။

တစ်ဖက်ကပြောဆိုရေးသားနေသူတွေအပေါ်သူတို့ဂုဏ်ကိုလည်း
ထောက်ထားပြီးတော့ ကျွန်တော်တို့ page မှာပဲသတင်းထုတ်ပြန်ချက်တစ်
ခုရေးသားထားပါတယ်။ကျွန်တော်တို့လုပ်တဲ့ပွဲဟာမိဘပြည်သူရှေ့မှာခမ်း
ခမ်းနားနားလုပ်ခဲ့တာပါ။အခုဆိုရင် မိုးစက်ဝိုင်အနေနဲ့လည်းစိတ်ထိခိုက်နေ
သလို သူ့မိဘတွေကလည်းစိတ်မကောင်းကြဘူး။သူ့ကို မက်ဆေ့ခ်ျပို့ပြီး
အားပေးကြသူတွေလည်းမနည်းပါဘူး။ကျွန်တော်တို့HELLO MADAM ရုံးကို
ဖုန်းဆက်ပြီးတော့လည်း မိုးစက်ကိုအားပေးနေပါတယ်လို့ တဆင့်ပြောပြ
ခိုင်းတဲ့သူတွေလည်းအများကြီးပါပဲ။ကျွန်တော်တို့ကတော့ ရည်မှန်းချက်
ပန်းတိုင်ကိုအရောက်သွားမှာပါ..´´ ဟုဖြေကြားခဲ့သည်။

Sunday Journal

No comments:

Post a Comment