Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2013

မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံမြို့လယ်ကောင်ရှိ Marina Bay Suites (MBS) တွင် အိမ်ခန်းဝယ်ယူနိုင်ပြီ


Thursday, October 3, 2013

မြန်မာ နိုင်ငံသားများအနေဖြင့် စင်ကာပူ နိုင်ငံမြို့လယ်ကောင် (New Down town) ၌ တည်ဆောက် ထား သည့် New Down town တွင် အိမ်ခန်းဝယ်ယူနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Marina Bay Suites(MBS) သည် စင်ကာပူနိုင်ငံ ၏ အစိုးရမှ ချမှတ်ပေးထားသည့် နေရာတွင် နိုင်ငံတကာအဆင့်မီ တည်ဆောက် ထားခြင်းဖြစ်ပြီး ၆၆ ထပ်ရှိသည့် အဆင့်မြင့်လူ နေအိမ်ရာ တစ်ခုဖြစ် ကာ မြန်မာ နိုင်ငံသားများအနေဖြင့် Student (သို့)တိုးရစ်ဗီဇာရှိရုံဖြင့် စင်ကာပူ နိုင်ငံရှိဘဏ်များဖြင့် ချိတ်ဆက် ၍ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသားများ မှ ဝယ်ယူ ရန် အတွက် ပြင် ဆင်ဆောင် ရွက် ပြီးပါက တစ်နှစ်အတွင်း နာမည် ပေါက်ရရှိ မည်ဖြစ်ကြောင်း အောက် တိုဘာ ၁ ရက်က ပတ်ရွိုင်ရယ် ဟိုတယ်၌ ပြုလုပ်သည့် မီဒီယာ ရှင်းလင်းပွဲတွင် Marina Bay Suites (MBS) အား ကြီးမှူးသူ Mr. Thomas Tanက ပြောသည်။

ယင်းက ''စင်ကာပူနိုင်ငံက စီးပွားရေးရော ပညာရေးနဲ့ပတ် သက်တဲ့ကဏ္ဍတွေ မှာ ပါ ဖွံ့ဖြိုး တိုးတက်နေတဲ့နိုင်ငံဖြစ်တယ်။ ဒီလိုနိုင်ငံမျိုး မှာ မြန်မာနိုင်ငံသား တွေအနေနဲ့ ရင်းနှီးမြှုပ်နှံပြီး အိမ် ဝယ်ချင်တဲ့သူတွေ အတွက် ဆောင် ရွက်ပေးခြင်းဖြစ်ပါတယ်။ ဒီ MBS မှာ မြန်မာတွေဝယ်ယူ ထားတာ တွေလဲ ရှိပါတယ်။ သွားရေး၊ လာ ရေး တကယ်အချက်အချာကျ တဲ့ နေရာမှာတည်ဆောက်ထားခြင်း ဖြစ်ပါတယ်''ဟုပြောသည်။

ယခုရောင်းချမည့် Marina Bay Suites(MBS) တွင် ၂၂၁ခန်း ပါရှိသော် လည်း ရာခိုင်နှုန်း ၉၀ ကရောင်းချထားပြီဖြစ်ပြီး လက်ရှိ တွင် ၅၄ ထပ်မှ ၆၆ ထပ်အထိ ဈေးကွက်တွင် စတင်ရောင်းချ လျက်ရှိကာ အိပ်ခန်းလေးခန်းပါ စတုရန်းပေ ၂၇၀၀ ရှိသည့်အခန်း များကို စင်ကာပူဒေါ်လာ ၆ ဒသမ ၁ သန်းမှ ကိုးသန်းအထိဈေးနှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ဆက်လက်၍ Mr.Thomas Tan က ''ဒီအိမ်တွေကို ဝယ်ယူ ထားတဲ့အထဲ မှာ ရာခိုင်နှုန်းတစ် ဝက်က စင်ကာပူနိုင်ငံသား၊ နောက် တစ်ဝက်က နိုင်ငံခြား သားတွေ ဖြစ်တယ်။ ဒီ Marina Bay Suites(MBS) မှာပဲ နာမည်ကြီး ဘဏ် တွေ၊ ကုမ္ပဏီတွေရှိတဲ့အတွက် အလုပ်လုပ်တဲ့သူတွေအတွက်လဲ အဆင်ပြေနိုင်မှာပါ။ ငွေချေတဲ့ စနစ်က ဘဏ်အဆင့်ဆင့်ကနေ သွားမှာဆိုတော့ ခက်ခဲမှုသိပ်မရှိ ပါဘူး''ဟု ပြောသည်။

လက်ရှိ စင်ကာပူနိုင်ငံ၏ အိမ်ဝယ်ယူရန် အတွက် ပြင်ဆင် ဆောင်ရွက်ခြင်း တွင် မြန်မာနိုင်ငံ သားများမှ စိတ်ဝင်စားမှုအဆင့် ရှစ်နေရာတွင်ရှိသည်ဟု ယင်းက ထပ်မံပြောသည်။

အဆိုပါ Marina Bay Suites (MBS) လူနေတာဝါအား အာရှ တွင်ဦးဆောင်နေ သည့် ဆောက် လုပ်ရေးလုပ်ငန်းသုံးခုဖြစ်သည့် Cheung Kong (Holdings) လီမိတက်၊ Hongkong Land, Kepple land လီမိတက်နှင့် ဒီ ဇိုင်းအား နယူးယောက်အခြေစိုက် ဗိသုကာပညာရှင် မှတည်ဆောက် ပေးထားကာ ယင်းအခန်းများ အားဝယ်ယူလိုသူများ အနေဖြင့် Asia Acre Advisor သို့ ဆက် သွယ်နိုင်ကြောင်း သိရသည်။

ဖူးပွင့်သော်
Yangon Media Group

No comments:

Post a Comment