- Accept/ Except
Accept (v) - လက်ခံရယူသည်၊ သဘောတူလက်ခံသည်။
- He accepted a gift from us. ကျွန်ုပ်တို့ထံမှ လက်ဆောင်ကို သူလက်ခံခဲ့ သည်။
- He accepted my proposal. ကျွန်တော့်အဆိုပြုချက်ကို သူ လက်ခံ သဘောတူခဲ့သည်။
Except (v.prep) - ချန်လှပ်ထားသည်၊ ခြွင်းချက်ထားသည်။
- မှတစ်ပါး/ လွဲ၍
- Except him from the general pardon. အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မှ သူ့ကို ချန်လှပ်ထားလိုက်ပါ။
- We all failed except him. သူမှလွဲ၍ ကျွန်ုပ်တို့အားလုံး ကျရှုံးခဲ့သည်။
- Access/ Accession/ Assess/ Excess
Access (n) - ချဉ်းကပ်ရာလမ်း၊ ဝင်လမ်း၊
ချဉ်းကပ်ဝင်ရောက်ရန်အခွင့်အလမ်း
- They had access to the king. သူတို့သည် ဘုရင့်ထံချဉ်းကပ်ဝင်ရောက်ရန် အခွင့်အရေးရရှိထားကြသည်။
- The access to that building is through this alley. ဒီအဆောက်အဦကို ချဉ်းကပ်ဝင်ရောက်ရန်လမ်းကတော့ နောက်ဖေးလမ်းကြားပဲ ဖြစ်ပါတယ်။
Accession (n) - နန်းတက်ခြင်း/ ထီးနန်းဆက်ခံခြင်း
- The Queen's accession to the throne. ဘုရင်မထီးနန်းဆက်ခံခြင်း
- His accession to the throne marked the beginning of an era of peace. သူ ထီးနန်းဆက်ခံခြင်းသည် ငြိမ်းချမ်းရေးခေတ်၏ သင်္ကေတအမှတ် အသားဖြစ်သည်။
Assess (v) - တွက်ချက်ခန့်မှန်းသည်၊
အကဲဖြတ်သည်၊ တန်ဖိုးဖြတ်သည်။
- The value of the building was assessed at Ks. 120,000. အဆောက် အဦရဲ့တန်ဖိုးကို ကျပ်တစ်သိန်းနှစ်သောင်းဟု ခန့်မှန်းတွက်ချက်ထားသည်။
- Can you assess my chances of winning. ငါနိုင်ဖို့ အလားအလာ (အခွင့် အလမ်း) ကို မင်း ခန့်မှန်းအကဲဖြတ်နိုင်မလား။
Excess (n) - ပိုမိုသောပမာဏ၊ လွန်ကဲမှု
- He had consumed an excess of alcohol. သူ အရက်ကို အလွန်အကျွံ သောက်ခဲ့တယ်။
- Luggage in excess of 100 kg will be charged extra. ၁၀၀ ကီလိုဂရမ် ထက်ပိုသောဝန်စည်များအတွက် အပိုကြေး (ပေါင်ပိုခ) ပေးဆောင်ရမည်။
- Accident/ Incident
Accident (n) - မတော်တဆထိခိုက်မှု
- He met with a serious accident. ပြင်းထန်သော မတော်တဆထိခိုက်မှု တစ်ရပ်နှင့် သူ ကြုံတွေ့ခဲ့ရသည်။
- There has been a car accident. မတော်တဆယာဉ်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
Incident (n) - ဖြစ်ရပ်/ ဖြစ်ပျက်ခြင်း
- This is an important incident in his life. ဒါဟာ သူ့ဘဝမှာ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်။
- There was a strange incident in the supermarket today. စူပါမား ကတ်တွင် ယနေ့ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
- Adapt/ Adept/ Adopt
Adapt (v) - အခြေအနေနှင့်သင့်လျော်အောင်/
လိုက်လျောညီညွတ်အောင် ပြုပြင်ပြောင်းလဲ
ယူသည်၊ ကျင့်သားရလာသည်။
- We must adapt ourselves to circumstance. ကျွန်ုပ်တို့သည် အခြေအ နေနှင့် အညီ လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲယူရမည်။
- Our eyes slowly adapted to the dark. ကျွန်ုပ်တို့၏ မျက်လုံးများသည် တဖြည်းဖြည်း အမှောင်နှင့် ကျင့်သားရလာသည်။
- This book is adapted for classroom. ဒီစာအုပ်ကို စာသင်ခန်းတွင် အသုံး ပြုနိုင်ရန် သင့်တော်ဆီလျော်အောင် ပြုပြင်ပြောင်းလဲထားသည်။
- This machine has been specially adapted for use underwater. ဒီ စက်ကိရိယာကို ရေအောက်တွင်အသုံးပြုနိုင်ရန် သင့်လျော်အောင် အထူးပြု ပြင်ပြောင်းလဲထားသည်။
ဦးသက်မောင်ဦး (မြစ်ကြီးနား)
The Melting Pot 4 U - Learning English
No comments:
Post a Comment