Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 19, 2013

တရုတ်ပြည်မှ စုံတွဲ iPhone ဝယ်ရန် သမီးမိန်းကလေးငယ်ကိုရောင်းချ


တရုတ်အမျိုးသားစုံတွဲငယ်တို့ဟာ Apple ကုမ္ပဏီထုတ် iPhone ကိုဝယ်ယူရန် အတွက် သူတို့ရဲ့ သမီးငယ်ကလေးကို ရောင်းချခဲ့တာကြောင့် ရာဇဝတ်မှုနဲ့ရင် ဆိုင်နေရတယ်လို့ နိုင်ငံပိုင် မီဒီယာက သောကြာနေ့ကပြောဆိုခဲ့ပါတယ်။

ရှန်ဟိုင်းကရှေ့နေ့အဖွဲ့တစ်ခုဟာ ဒီစုံတွဲငယ်တို့ သူတို့သမီးမိန်းကလေးကို အွန်လိုင်း မှာ တရားမဝင်မွေး စားဖို့ ကမ်းလှမ်းခဲ့ပြီး ဒီအတွက်ငွေကြေး လက်ခံခဲ့ တဲ့အတွက် လူကုန်ကူးမှုနဲ့စွဲချက်တင်ခဲ့ပါတယ်လို့ လွတ်လပ် တဲ့နေ့စဉ်သတင်း (Liberation Daily) ကဖော်ပြခဲ့ပါတယ်။

အမည်နာမည်အပြည်အစုံမဖော်ပြထားတဲ့ ကလေးအမေဖြစ်သူဟာ ရရှိတဲ့ငွေကြေးနဲ့ Apple iPhone၊ တန်ဖိုးကြီး အားကစားရှုးဖိနပ်နဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေဝယ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေး သူတွေတွေ့ရှိခဲ့ကြပါတယ်။

တရုတ်ပြည်မှာ Apple ကုန်ပစ္စည်းတွေဟာ အလွန်အမင်းကျော်ကြားလှပြီး ယမန်နှစ်က တရုတ် ဆယ်ကျော် သက် လူငယ်တစ်ဦးဟာ သူ့ရဲ့ကျောက်ကပ် ကို ထုတ်ရောင်းခဲ့ပြီး ရရှိတဲ့ပိုက်ဆံနဲ့ iPhone နဲ့ iPad တွေဝယ် ယူဖို့အသုံးပြုခဲ့ပါသေးတယ်။

ဒါပေမယ့် စုံတွဲငယ်ဟာ သူတို့မှာ ကလေးနှစ်ယောက်ရှိပြီးဖြစ်တာကြောင့် အခုကလေးငယ်ကို သူတို့တတ်နိုင် တာထက် ပိုကောင်းမွန်တဲ့ ကြီးပြင်းတဲ့ အနေအထား ကို ရရှိစေချင်လို့ဖြစ်ကြောင်း ရဲဌာနကိုပြောကြား ခဲ့ပါတယ်။

” ကလေးကို ပေးပစ်တာဟာ ကိုယ့်အကျိုးအတွက်ပဲမဟုတ်ပါဘူး၊ သူကို့ပိုကောင်းတဲ့ အာမခံချက် ရစေချင် လို့ပါ။” လို့ တစ်ယောက်ပြောပါတယ်။

ကျေးလက်ဒေသက အချို့တရုတ်လူမျိုးတွေဟာ သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုမိုနှစ်သက် တဲ့ အစဉ်အလာရှိပေမယ့် ယခုကိစ္စ မှာတော့ ကလေးငယ်ရဲ့ မိန်းကလေးဖြစ်မှု(လိင်)ဟာ အကြောင်း အရင်းဖြစ်တယ်လို့တော့ သတင်းကမဖော်ပြထားပါဘူး။

အွန်လိုင်းပေါ်မှာတော့ ဒီစုံတွဲကိုအပြစ်တင်ကြပြီး တစ်ချို့ကတော့ ခေတ်ပေါ်ပြောင်းလဲလာတဲ့ တရုတ်လူမှုဝန်းကျင်နဲ့ ဓနဥစ္စာနောက်အလွန်အမင်း လိုက် မှုပေါ်သရော်လှောင်ပြောင် မှုတွေပြုလုပ်ခဲ့ပါတယ်။

” အတော်သွေးအေးတာပဲ၊ ဒီလူတွေ မိဘမဖြစ်သင့်ဘူး !” လို့ ဘလော့ဂါ ဝန်ဇန်းဆိုသူက သူ့ရဲ့ဘလော့တစ်ခုမှာ ရေးသားထားပါတယ်။
” စီးပွားရေး နည်းလမ်းကောင်း တစ်ခု၊ အရင်းနှီးမလိုဘူး၊ အမြတ်အများကြီးရတယ်၊ ကျောက်ကပ်ရောင်းစရာမလိုဘူး ” စသဖြင့် နောက်ဘလော့ တစ်ခုရေးသားပါတယ်။

တရားစွဲဆိုတဲ့ အဖွဲ့အစည်းကတော့ အဖြစ်အပျက်နဲ့ဆက်စပ်လို့ မလိုလားအပ် တာတွေဖြစ်မှာ စိုးရိမ်တာကြောင့်တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးပါ ဘူး။
စုံတွဲဟာ ကလေးငယ်အတွက် ငွေကြွေးဘယ်လောက်ရခဲ့တယ်ဆိုတာ သတင်းမှာ မဖော်ပြထားပေမယ့် အွန်လိုင်း ပိုစ့်တွေအရ ယွမ် သုံးသောင်း ( ဒေါ်လာ ၄၉၀၀ ) နဲ့ ယွမ် ငါးသောင်း (ဒေါ်လာ ၈၂၀၀) ဖော်ပြချက်တွေကို တွေ့ရပါတယ်။

Apple ကုမ္ပဏီဟာ လွန်ခဲ့တဲ့လက iPhone 5S ကို ဖြန့်ချီခဲ့ပြီး အဲ့ဒီထဲမှာ ရွှေရောင် မော်ဒယ်အမျိုးအစားနဲ့ ပိုဈေးသက်သာတဲ့ iPhone 5C အမျိုးအစား တို့လည်းပါဝင်ခဲ့ပါတယ်။

Source AFP
M-Media
Source

No comments:

Post a Comment