Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 27, 2013

နောက်ဆုံးပေါ် တော်ပီဒိုနှင့် HONGQI-16 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တို့အား တရုတ်နိုင်ငံ စမ်းသပ်ပစ်လွှတ်


တရုတ်နိုင်ငံသည် လေယာဉ်တင် သင်္ဘောများနှင့် ရေဒါဖြင့် ဖမ်းယူရရှိသည့် ပစ်မှတ်မျိုးစုံတို့အား ဖျက်ဆီးနိုင်စွမ်းရှိသော နောက်ဆုံးပေါ် တော်ပီဒိုနှင့် Hongqi-16 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် တို့ကို စမ်းသပ် ပစ်လွှတ်မှုများ ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ နောက်ဆုံး ထုတ်လုပ်ခဲ့သော တော်ပီဒိုအား ရေငုပ်သင်္ဘောတစ်စင်းမှ ပစ်လွှတ် ခဲ့ပြီး ကြားဖြတ်တိုက် ခိုက်မှုကို ရှောင်ကွင်း၍ ပစ်မှတ်အား ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ၎င်းသည် အခြားအသံ ထက် မြန်နှုန်းနိမ့် သင်္ဘောဖျက်ဒုံးများနှင့် ၅၃ ဒသမ ၅ စင်တီမီတာ အချင်းရှိ တော်ပီဒိုများနှင့် နှိုင်းယှဉ်လျှင် အရှိန်နှုန်းမြန်ပြီး တိုက်ရိုက်ပေါက် ကွဲစေသော နည်းပညာသစ်အား အသုံးပြုထား သောကြောင့် လေယာဉ်တင် သင်္ဘောများနှင့် ကမ်းတက်တိုက်ခိုက်ရေး သင်္ဘောကဲ့သို့သော အကြီးစား သင်္ဘောများအား ခြိမ်းခြောက်နိုင် စွမ်းရှိကြောင်းနှင့် ၎င်းတွင်အသုံး ပြုထားသော လမ်းကြောင်းရှာ နည်းပညာ ဖျက်ဆီးခံရသည့်တိုင် မျက်ခြည်ပြတ်သွားသော ပစ်မှတ် တစ်ခုအား အကြိမ်ကြိမ်ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။

Hongqi-16 ဒုံးကျည်သည် တရုတ်နိုင်ငံ၏ တတိယမျိုးဆက် ဖြစ်သော တာလတ်ပစ်မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်ပြီး အမေရိကန် နိုင်ငံ၏ MK-41 ဒုံးကျည်ကဲ့သို့ ဒေါင်လိုက် ပစ်လွှတ်သော စနစ်ကို အသုံးပြုထားကြောင်း၊ လေယာဉ် နှင့် ရဟတ်ယာဉ်များအား တိုက်ခိုက်နိုင်ပြီး သင်္ဘောဖျက်ဒုံးများ၊ ခရုဇ်ဒုံးကျည်များ၊ နည်းဗျူဟာ မြောက် ဝေဟင်မှပစ်လွှတ်ရသော ဒုံးကျည်စနစ်များနှင့် ပဲ့ထိန်း ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်နိုင်ကြောင်း သိရသည်။
http://mmforward.blogspot.com/2013/10/hongqi-16.html

No comments:

Post a Comment