Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 25, 2013

DKBA တပ်ဖွဲ့ဝင်တစ်ဦး နင်းမိုင်းတစ်လုံး နှင့် လက်ပစ်ဗုံးတစ်လုံးကို မော်လမြိုင်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့လာရောက်အပ်


လာရောက်အပ်နှံသည့် ပစ္စည်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ထိုက်ဦး

မော်လမြိုင် ၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ စောသန်း ဇော် ၃၈နှစ်သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ် ဖြင့်ရောက်ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး ၎င်းတွင်ပါရှိလာသော နင်း မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံးတစ် လုံးကို အောက်တိုဘာ ၂ဝရက် ညနေ ၃နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ် ဆေးရေး ဦးစီး ဌာန၌ လာရောက် အပ်နှံကြောင်း သိရသည်။

စောသန်းဇော်၏ ထွက်ဆို ချက်တွင် ၎င်းသည် ကရင်ပြည် နယ် ကျိုက်ဒုံနှင့် ကြာအင်းဆိပ် ကြီးအကြား ၂၁မိုင်ရှိ တပ်ဖွဲ့ပိုင် ရော်ဘာခြံ၌ တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် အောက်တို ဘာ ၁၅ရက်တွင် တပ်ဖွဲ့ပိုင် ကူ ဘိုတာ ၄၅ဝအမျိုးအစား လယ်ထွန် စက် သည် ကျိုက်ဒုံချောင်း အတွင်း ရေနစ်မြုပ်ခဲ့မှုကို အ ကြောင်းပြု၍ ၎င်းအား အဖွဲ့ ခေါင်းဆောင်ဗိုလ်ကြီးအဆင့်ရှိ သူ စောရဲလှိုင်မှ အစိုးရသူလျှိုဟု စွပ်စွဲကာ အောက်တိုဘာ ၁ရရက် မှ ၂ဝရက်အထိ ကော့ကရိတ်မြို့ နယ် ကောင်းမှု ကျေးရွာ ရှိ ကလို ထူးဘော အခြေချစစ်ဗျူဟာ၊ ဗျူဟာခွဲ(၁)တွင် ခေါ်ယူထိန်း သိမ်းထားခဲ့ကြောင်း၊ ၎င်း၏အ သက်အန္တရာယ်စိုးရိမ်ရသဖြင့် ကော့ကရိတ်မြို့မှ လိုင်းကားဖြင့် မော်လမြိုင်မြို့သို့ ထွက်ပြေးလာ ခဲ့ကြောင်းများကို ပြောကြား ကြောင်း သိရသည်။

၎င်းတွင် လက်နက်များနှင့် အတူ ကလိုထူးဘောခေါင်းစဉ် ပါ တပ်ဖွဲ့ဝင်ခရီးသွားထောက်ခံ ချက် တစ်စောင်၊ အပြာရောင် ချည်လွယ်အိတ်တစ်လုံး၊ ကျား ခေါင်းတံဆိပ်နှစ်တောင့်ထိုးဓာတ် မီးအသေးတစ်လက်၊ ဒိုင်ယာရီ စာအုပ်တစ်အုပ်နှင့် ယာဉ်မောင်း လိုင်စင်တစ်ခုပါရှိကြောင်း သိရ သည်။

အောင်ထိုက်ဦး
Yangon Media Group

No comments:

Post a Comment