25.09.2013
ကမ္ဘာပေါ်မှာ အသည်းရောင် အသားဝါ C ပိုး ကူးစက်မှု အများဆုံးရှိနေတဲ့
နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ တနိုင်ငံပါဝင်နေပြီး၊ ဒီပိုးကြောင့်
နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်တဲ့ အသည်းကင်ဆာ၊ အသည်းခြောက်တာတွေ
ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။
အခုလို ပြင်းထန်တဲ့ နာတာရှည်အသည်းရောဂါတွေ ဆက်ဖြစ်စေတဲ့ အသည်းရောင် အသားဝါ
C ပိုးမှာ ကာကွယ်ဆေးမရှိပေမဲ့၊ သွေးကနေတဆင့် ကူးစက်တာမို့
ကာကွယ်နိုင်တဲ့နည်းတွေ ရှိပါတယ်။ ဘယ်လို ကာကွယ်ကုသနိုင်ပါသလဲ။
ဒီ C ပိုး ကူးစက်ခံထားပြီးရင်တော့ ရောဂါလက္ခဏာမပြဘဲ၊
အသိနောက်ကျရလေ့ရှိတာမို့၊ လူတိုင်း C ပိုးရှိမရှိ
ပုံမှန်ဆေးစစ်သိရှိနိုင်ဖို့ အထူးအရေးကြီးပါတယ်။ ဒီရောဂါကို
ကာကွယ်ကုသနိုင်တဲ့ ထိရောက်တဲ့ ဆေးဝါးတွေလည်း မြန်မာနိုင်ငံကို
ရောက်ရှိလာနေပါပြီ။
ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ အသည်းအထူးကု အငြိမ်းစားပါမောက္ခ
ဒေါက်တာခင်မောင်ဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
No comments:
Post a Comment