Popular Journal
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က တိုင်းဒေသကြီးလွှတ်တော် ကို နိုင်ငံတော်က ထုတ်ဝေနေ တဲ့ လက်ရှိ ငွေစက္ကူများမှာ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံများ နဲ့ ပြန်လည်အစားထိုးထုတ် ဝေဖို့ အဆိုတင်သွင်းခဲ့တယ်။ အဲဒီ အဆိုကို ထောက်ခံသူ တစ်ယောက် ပဲ ရှိတယ်။ သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ်(၂)က လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန်းစန်းမြင့် ဖြစ်ပါတယ်။ ဦးကျော်ရဲ့ အဆိုကို လွှတ်တော် မှာ မဲခွဲကြတယ်။ လွှတ်တော်ကိုယ်စား လှယ်ပေါင်း (၁၁၅)ဦးရှိတယ်။ ကိုယ်စားလှယ်(၁၁၃)ဦးက ကန့် ကွက်တယ်။ ဦးကျော်မှာ ထောက်ခံ သူတစ်ဦးနဲ့ သူ့ဘက်က စုစုပေါင်း နှစ်မဲ၊ ကန့်ကွက်မဲက (၁၁၃)မဲနဲ့ အပြတ်အသတ်ရှုံးခဲ့တယ်။ (သတင်း Source:First Music သတင်းဂျာ နယ်၊ ၁၇-၉-၂ဝ၁၃ စာမျက်နှာ အချပ်ပို B သတင်းထောက် ဝဝ၆။) အလွန်ထူးခြားတုန်လှုပ်ချောက်ချား စရာသတင်းပါပဲ။
(၂)
ဗိုလ်ချုပ်အောင်ဆန်းကို ကျွန် တော့်စိတ်ထဲမှာ အမြဲတမ်း ဦးအောင်ဆန်း၊ စစ်သေနာပတိ အောင်ဆန်း၊ နိုင်ငံရေးသုခမိန် ဦးအောင်ဆန်းလို့ပဲ မှတ်ယူ ထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို့ ကျွန်တော့် စိတ်ထဲက မခေါ်ခဲ့ဘူး။ အခုနေအခါမှာ ဗိုလ်ချုပ်တွေ သိပ် များနေတော့ ကျွန်တော်တို့ ဦးအောင် ဆန်းကို သောကောရောကော အုတ် အရောရော ကျောက်အရောရော မခေါ်ချင်လို့..ဦးအောင်ဆန်းလို့ပဲ စိတ်ထဲက ခေါ်ခဲ့တာပါ။ အဲဒီ ကျွန်တော်တို့ ဦးအောင်ဆန်းကို ကျေးဇူးကန်းကြတော့မယ့် အရိပ် အ ရောင်တွေ အခုတွေ့နေရပြီလို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံရဲ့ ခေါင်းဆောင်၊ အမျိုးသားခေါင်း ဆောင်တွေကို နိုင်ငံသုံးငွေစက္ကူမှာ ရုပ်ပုံအဖြစ် ဂုဏ်ပြုပုံနှိပ်ဖော်ပြတာ ကမ္ဘာ့အစဉ်အလာပါ။ နိုင်ငံတကာ မှာ နိုင်ငံ အသီးသီးမှာ ကိုယ့်အမျိုး သားခေါင်းဆောင်ကြီးတွေကို ငွေစက္ကူပေါ်မှာ ကာလရှည်ကြာစွာ ကတည်းက ပုံနှိပ်ဖော်ပြကြတယ်။ ကျွန်တော်တို့လည်း ဟိုအရင်ခေတ် တွေတုန်းက ဗိုလ်ချုပ်အောင်ဆန်းပုံ တွေကို ငွေစက္ကူ အမျိုးမျိုးပေါ်မှာ ဂုဏ်ပြုပုံနှိပ်လာခဲ့ကြတာ မမေ့နိုင် ကြသေးပါဘူး။ တစ်ရာ (၁ဝဝ)ကျပ် တန်ငွေစက္ကူပေါ်က မောင့်ကျက်သ ရေခေါင်းပေါင်း နဲ့ မြန်မာဆန်ဆန် မြန်မာအပီသဆုံး ဗိုလ်ချုပ်အောင် ဆန်းရဲ့ရုပ်ပုံ ဟာမျက်စိထဲက မထွက် နိုင်လောက်ေ အာင်ပါပဲ။ ခေါင်းပေါင်း နဲ့ ဗိုလ်ချုပ်ဟာ အင်မတန်ကျက် သရေရှိလှပါတယ်။ အခုတော့..။
(၃)
အခုတော့။ အရပ်ရပ်နေပြည် တော် ကြားလို့မှမတော်..ဆိုတဲ့ စကားလိုပါပဲ။ ဒီနိုင်ငံရဲ့ အဆင့်မြင့် ဆုံး၊ နိုင်ငံရေးရာတွေကို ဆောင်ရွက် ရာမှာ တာဝန်အရှိဆုံးဆိုတဲ့ လွှတ် တော်က လွှတ်တော်ကိုယ်စားလှယ် (၁၁၃)ယောက်က ဗိုလ်ချုပ်အောင် ဆန်းပုံနဲ့ ငွေစက္ကူထုတ်ဖို့ ကန့်ကွက်ခဲ့ ကြတယ်။ ဘာကြောင့်လဲ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ ဘာ ကြောင့်လဲဆိုတဲ့ အကြောင်းပြချက် ကို ပြည်သူထုအများစုကြီးက သိချင် ကြလိမ့်မယ်။ အဲဒီကန့်ကွက်တဲ့လွှတ် တော် ကိုယ်စားလှယ် (၁၁၃)ယောက် မှာ..ပြည်သူကို ရှင်းပြဖို့ တာဝန်ရှိ တယ်လို့ ပြောတယ်။ ဘာကြောင့်လဲ လို့သူကဆက်မေးတယ်။ဘာ ကြောင့် လဲဆိုတာမေးမနေနဲ့။ အဲဒီ လွှတ် တော် ကိုယ်စားလှယ်(၁၁၃) ယောက် ဟာ ဗိုလ်ချုပ်အောင်ဆန်း ကို ကျေးဇူး ကန်းတာ ကလွဲလို့ဘာအ ကြောင်းပြချက်မှရှိမှာမဟုတ် ဘူး။မိုက်ရိုင်းတာ ကလွဲလို့ ဘာအကြောင်းပြ ချက်မှ ရှိမှာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင် ဆန်းရဲ့ကြီးကျယ် မြင့်မြတ်ခြင်းကို မနာလိုဝန်တိုတာ ကလွဲလို့ဘာအ ကြောင်းပြချက် မှရှိ မှာမဟုတ်ဘူး။လွှတ် တော် ကိုယ်စားလှယ် ကြီးတွေရဲ့ စိတ်ရင်း စေတနာဟာ.. ဘွားဘွားကြီးေ ပ်ါလာတာပါပဲ။
(၄)
နောက်ထပ် ဘာပြောစရာရှိ သေးလဲ။ ဘာမှမရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ပြည်သူလူထုရဲ့ အသည်းနှလုံးထဲမှာရှိတယ်။ သမိုင်း မှာရှိတယ် ။ ဖျောက်ဖျက်လို့မ ရဘူး။ ငြင်းပယ်လို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ …ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေလို့ပါပဲ။
ဦးအောင်ဆန်းကိုကြည်ညိုတဲ့စာပေဝေဖန်ရေးဆရာ
ဇော်ဇော်အောင်
စက်တင်ဘာ ၂ဝ၁၃။
No comments:
Post a Comment