Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 21, 2013

ဘာသာပြန်အမျိုးသမီးတိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဓမ္မတာ ဟုတ်/မဟုတ် စစ်ဆေးမည်


ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ၁၆ ရပ်ကွက် ပါရမီအိမ်ရာရှိ တိုက်ခန်းတစ်ခန်း၌ အောက်တိုဘာ ၁၉ ရက်နေ့ ည ၈နာရီခန့်တွင် တိုက်ပေါ်မှအမျိုးသမီးတစ်ဦး ပြုတ်ကျမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပါရမီလမ်းအိမ်ရာ တိုက်အမှတ်၂ ၊ အခန်းနံပါတ် ၅၀၆ ၊ ၆လွှာ နေ မဟေမာဝင်း အသက် ၂၅ နှစ် (ဘ) ဦးသက်နိုင်၊(အမိ)ဒေါ်ခင်ဦးလွင်သည် ပြူတင်းပေါက်မှအောက်သို့ဆူညံသံကြားသဖြင့်ငုံ့ကြည့် ရာမှ ခြေချော်၍ တိုက်အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

''ဟေမာဝင်းတိုက်ပေါ်က ပြုတ်မကျခင်မှာ လင်မယားစကားများကြတယ်။ စကားများပြီးကောင်မလေးက အောက်ကို ဆင်းသွားတယ်။ ယောက်ျားဖြစ်သူဦးကျော်စိုးဝင်းက လိုက်ခေါ်တယ်။ ခဏအကြာမှာပြုတ်ကျတဲ့အသံကြားလို့ ထွက်ကြည့်လိုက်တော့ စောစောကအောက်ကို ဆင်းလာတဲ့ဟေမာဝင်းဖြစ်နေတယ်။ ယာဘက် မျက်စိမှာလည်း ညိုမည်းနေတာကို တွေ့ရတယ်''ဟု တိုက်ပေါ်မှ ပြုတ်ကျမှုအား မျက်မြင်တွေ့ခဲ့သူ လှိုင်မြို့နယ် ၁၆ ရပ်ကွက်နေ ဦးတင့်ဆန်းက ပြောသည်။

တိုက် ၆ လွှာ ပြုတ်ကျသည့် အရှိန်ကြောင့် မဟေမာဝင်းမှာ လည်ပင်းကျိုး၊၀ဲဘက်ခြေထောက်ကျိုး၊ ဦးနှောက်ပိုင်း လုံးဝအလုပ်မလုပ်တော့ဘဲအတွင်း ကလီဇာများကြေမွ ပျက်စီးသွာခဲ့သည်ဟု အရေးပေါ်လူနာတင်ယာဉ်၌လိုက် ပါလာ သည့်ဆရာဝန်၏ ပြောကြားချက်အရ သိရသည်။

အရေးပေါ်လူနာတင်ယာဉ် ရောက်လာပြီး ယောက်ျားဖြစ်သူ ဦးကျော်စိုးဝင်းနှင့်အတူ ဘေးအိမ် အခန်းဖော်နှစ်ဦးမှ မဟေမာဝင်းအားခေါ်ဆောင်၍ အင်းစိန်ဆေးရုံသို့  ည ၈.၃၀ မှာ ရောက်ရှိသွားပြီး မသက်သာ၍ အင်းစိန်ဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်း ကုသမှုခံယူနေစဉ် ည ၁၁.၃၀ နုာရီတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါအမျိုးသမီးမှာ အိမ်ထောင်သက် တစ်နှစ်ဝန်း ကျင်၌ သေဆုံးခြင်းဖြစ်သည်။

သေဆုံးသွားသူ မဟေမာဝင်းသည် အင်တာနက်ဂျာနယ်မှ ဘာသာပြန်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ယောက်ျားဖြစ်သူ ဦးကျော်စိုးဝင်းမှာ ရေနံသဘောင်္လိုက်သူဖြစ်၍ ကသာမြို့မှ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိသည်မှာ သိပ်မကြာသေး ဟု ပတ်ဝန်းကျင်မှ သိရသည်။

အဆိုပါအမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ရေး ဒုရဲအုပ်နေ၀င်းက တရားလိုပြုကြား သဖြင့်လှိုင်မြို့နယ်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီးလှိုင်မြို့နယ် ရဲစခန်းမှ ခတ္တ စခန်းမှူး ရဲအုပ်ဝင်းနိုင်မှ အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လှိုင်မြို့ နယ်ရဲစခန်းမှ သိရသည်။

BY ဇော်ဂျီ(မြစ်မခ)

No comments:

Post a Comment