Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

အလှမယ်မိုးစက်ဝိုင် နိုဝင်ဘာ ၁၁ တွင် ပြန်ရောက်မည်

news_ahmmsw-11_TTMရန်ကုန်၊ အောက်တိုဘာ ၁၉
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး အလှမယ်ပြိုင်ပွဲတစ်ခု ဖြစ်သော Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် နေသည့် Miss Myanmar Universe မိုးစက်ဝိုင်သည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း Miss Universe Myanmar Organization မှ တာဝန်ရှိသူ ဒေါ်ဆုမြတ်က ပြောကြားသည်။
မြန်မာ့အလှမယ် မိုးစက်ဝိုင် သည် အောက်တိုဘာလ ၁၆ရက်နေ့တွင် ရုရှားနိုင်ငံသို့ စတင်ထွက်ခွာ ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာ နိုင်ငံသို့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း၊ မိုးစက်ဝိုင်ကို လိုက်ပါ အားပေးလိုသူ များသည် မိမိအစီစဉ်ဖြင့် မိမိ လိုက်ပါအားပေး နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
“ဒီ Miss Universe ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပြီး ဒီပွဲမှာ ဘယ်လိုဆုမျိုးကို မျှော်မှန်းသလဲဆိုတော့ ပရိသတ်ကြီးက ပေးမယ့်ဆုကို မျှော်မှန်းပါတယ်။ မိုးစက် အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဟု အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။
လက်ရှိချိန်တွင် အလှမယ် မိုးစက်ဝိုင်သည် Miss Thailand နှင့်အတူ ရုရှားနိုင်ငံ တွင် Camp ဝင်နေပြီး မဲအရေအတွက် ဒုတိယ အများဆုံးနေရာတွင် ရှိနေကြောင်း Miss Universe Myanmar Organization မှ တာဝန်ရှိသူ ဒေါ်ဆုမြတ်က ပြောကြားသည်။

No comments:

Post a Comment