Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

ဂဏန်းဟင်း

ဂဏန်းတွင် ပါသည့် ပါးဟပ်များကို ဖယ်ထုတ်ပြီး ရေစင်အောင်ဆေး၍ နှစ်ပိုင်းပိုင်းကာ ဂဏန်းလက်မများကို ခွါစားရလွယ်အောင် အသာထုပေးပါ။ ဂဏန်းများကို ဆား၊ပုစွန်ငံပြာရည်အချို ၊နနွင်း အနည်းငယ် တို့ဖြင့် နှံ့အောင်နယ်ထားပါ။ မကျီးသီးမှည့် အနည်းငယ်ကို ရေစိမ်ထားပေးပါ။ရေစိမ်ထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီကို ညက်အောင်ထောင်းပြီး နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်များကျက်လာပြီး ရွှေရောင်သမ်းလာလျှင် မဆလာအနည်းငယ်ကိုထည့်၍ မွှေပြီး နယ်ထားသော ဂဏန်းများကိုပါထည့်ကာမွှေပေးပါ။ ကြက်သွန်ဆီသတ်များနှင့် ဂဏန်းများကိုနှံ့အောင်မွှေပြီးလျှင် စိမ်ထားသော မကျီးသီးမှည့်အရည်ကို အဖတ်များမပါအောင်စစ်ပြီး ထည့်ပေးပါ။ ဂဏန်းမြုတ်အောင် ရေထည့်ပြီး တည်ထားပါ။ ဂဏန်းအသားများ ကျက်ပြီး ဆီပြန်ကာ ရေများပွက်ပွက်ဆူလာလျှင် အပေါ့အမြည်း၍ မဆလာအနံ့ မွှေးပျံ့ကာ ချက်ရတာလွယ်ကူပြီး အရသာကောင်းမွန်သော ဂဏန်းဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်)

No comments:

Post a Comment