Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2013

ဦးခေါင်း အပိုပါ ကလေးငယ်အား အာဖဂန် နစ္စတန် ဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ



အာဖဂန်နစ္စတန် နိုင်ငံတွင် ဦးခေါင်း အပို ပါရှိသော ကလေးငယ်အား အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ကြောင်း ဂျာလာလာဘက်ထ် မြို့ အရှေ့ပိုင်းရှိ ဆေးရုံမှ အဆိုပါ ခွဲစိတ်မှုကို ဦးဆောင်သူ ခွဲစိတ် ပါရဂူ အာမက်တ် အိုဘိထ် မိုဂျာဒီဒီ က ပြောကြားခဲ့သည်။

အာဆရီဂူလ် အမည်ရှိ အဆိုပါ ကလေးငယ်သည် အမြွှာ ကလေးငယ် နှစ်ဦးအနက် တစ်ဦးဖြစ်ပြီး မွေးဖွားစဉ် ကတည်းက ဦးခေါင်းတစ်လုံး အပို ပါခဲ့သူ ဖြစ်ကြောင်း၊ သူမ၏ အမြွှာညီအစ်မ တစ်ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း၊ သူမ၏ ခွဲစိတ်မှု အောင်မြင်ခြင်းသည် မိမိတို့နိုင်ငံ၏ အကြီးမားဆုံး အောင်မြင်မှုကြီး ဖြစ်ကြောင်း ခွဲစိတ်မှု ပြီးနောက် သီတင်းပတ် တစ်ပတ်အကြာတွင် ခွဲစိတ်ပါရဂူ အာမက်တ်က ပြော ကြားခဲ့သည်။

၎င်းကလေးငယ်၏ မိဘနှစ်ပါးမှာ လယ်သမားများ ဖြစ်ကြပြီး နှစ်လအရွယ် အဆိုပါ ကလေးငယ်သည် စက်တင် ဘာ ၂၆ ရက်က ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီ ဖြစ်သည်။ ယင်းကလေးငယ်၏ နောက်ထပ် ဦးခေါင်းပို တစ်လုံးမှာ သူမ ၏ အမြွှာတစ်ဦး၏ မအောင်မြင်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်ကြောင်း ကလေး ငယ်အား ခွဲစိတ် ကုသရာတွင် အရေးကြီးသော သွေးကြောမျှင်များကို မထိခိုက်မိစေရန် ကြိုးစား၍ ဆောင်ရွက် ခဲ့ရကြောင်း သိရသည်။ 

http://www.myawady.net.mm/incredibleworld/abnormalities/item/26562-2013-09-28-09-02-54

No comments:

Post a Comment