Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 4, 2013
ရိုးသားမှုကြောင့် အိမ်ယာမဲ့ဘ၀မှ အိမ်ပိုင်ဆိုင်ရသူ
ဘော်စတွန်မြို့ က အိမ်ယာမဲ့တစ်ယောက်ဖြစ်တဲ့  ဂလီးန်ဂျိန်းရဲ့ ရိုးသားမှုအကျိုးပေးပုံက မုဒိတာပွားစရာပါ။ ပြီးခဲ့တဲ့သုံးပတ်လောက်က ဂျိန်းဟာ ဘော်စတွန်မြို့ ရဲ့  ကုန်တိုက်ရှေ့ မှာ  ပိုင်ရှင်မဲ့ကျောပိုး အိတ်တလုံးကိုကောက်ရခဲ့ပါတယ်။ အထဲကိုဖွင့်ကြည့်လိုက်တော့ ပတ်စ်ပို့ နဲ့ ခရီးသွားချက်လက်မှတ်၊ငွေသား လေးသောင်းကျော်ကိုတွေ့ ရပါတယ်။ ဂျိန်းက ဒီငွေတွေကို ယူဖို့ မစဉ်းစားပဲ ဘော်စတွန်ရဲဌာနကိုအပ်နှံလိုက်ပါတယ်။အဲဒီအတွက် ရဲဌာနကသူ့ ကို ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခဲ့ပါတယ်။
ဒီသတင်းကို အွန်လိုင်းကနေဖတ်ရှုရတဲ့ အီသန်ဝစ်တင်တန်ဆိုတဲ့သူက   ဒီလိုရိုးသားမှုမျိုးဟာ ဆုတံဆိပ် တခုလောက်ချီးမြှင့်ရုံနဲ့ မလုံလောက်ဘူး။ဒီထက်ပိုပြီးသူ့ ထိုက်တန်တယ်လို့ ယူဆတဲ့အတွက်  ဂျိန်းကိုကူညီ ဖို့  အွန်လိုင်းကမ်ပိန်းတခုလုပ်ပါတယ်။ ကမ္ဘာတလွှားကလူတွေသူ့ ကိုဝိုင်းပြီးလှူဒါန်းကြတာ  ငွေတစ်သိန်းလေးသောင်းရှစ်ထောင် ရပါတယ်။
ခုတော့အိမ်ယာမဲ့ဂျိန်းဟာ အိမ်တလုံးဝယ်ဖို့ ရှာဖွေနေပါပြီ။ ရိုးသားမှုဟာ အိမ်ယာမဲ့ဂျိန်းကို
အိုးအိမ်နဲ့ အတည်တကျဖြစ်သွားစေပါပြီ။
The Melting Pot 4 U
No comments:
Post a Comment