Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

အမျိုးသမီး များလွန်းသည့်အိမ်တွင် အမျိုးသားသီးသန့်နေရာ ထားရှိခဲ့သည့် မတ်ဒေမွန်

မတ်သည် အာဂျင်တီးနားသူ ဇနီးသည် လူစီယာနာ ဘိုဇန် ဘာရိုဆိုအပြင် သမီး(၄)ဦးနှင့် နေထိုင်လျှက် ရှိရာ တစ်ခါတစ်ရံတွင် အမျိုးသမီးများနှင့် ကင်းကွာလျှက် တစ်ဦးတည်း အေးအေးချမ်းချမ်း နေထိုင်သည့် နေရာလေး တစ်ခုကို သီးသန့် ဖန်တီးထားခြင်း ဖြစ်သည်။

မိမိနေအိမ်တွင် အမျိုးသမီး အရေအတွက် ပိုမိုများပြားနေသဖြင့် အမျိုးသားသီးသန့် ဧရိယာတစ်ခု ဖန်တီးထားရကြောင်း မတ်ဒေမွန်က ပြောကြားခဲ့သည်။ မတ်သည် အာဂျင်တီးနားသူ ဇနီးသည် လူစီယာနာ ဘိုဇန် ဘာရိုဆိုအပြင် သမီး(၄)ဦးနှင့် နေထိုင်လျှက်ရှိရာ တစ်ခါတစ်ရံတွင် အမျိုးသမီးများနှင့် ကင်းကွာလျှက် တစ်ဦးတည်း အေးအေးချမ်းချမ်း နေထိုင်သည့် နေရာလေး တစ်ခုကို သီးသန့် ဖန်တီးထားခြင်း ဖြစ်သည်။ အော်စကာဆုရှင် မင်းသားနှင့် စာရေးဆရာဖြစ်သူ မတ်က "တစ်ခါတစ်ခါတော့ ငြီးငွေ့စရာတွေ ဖြစ်လာတတ်တယ်။ ဒါကြောင့် ကျွန်တော့်အတွက် သီးသန့် အမျိုးသား နားနေစရာ နေရာလေး သတ်သတ်မှတ်မှတ် ထားရှိဖို့ လိုလာပါတယ်။ ကျွန်တော် ဘာလုပ်နေတယ် ဆိုတာကို ဇနီးနဲ့ သမီးတွေ မသိနိုင်မယ့် နေရာမျိုးလေ"ဟု ဖွင့်ဟခဲ့သည်။

၎င်းက "အဲဒီမှာ အားကစား မဂ္ဂဇင်းတချို့ရှိမယ်။ ကျွန်တော့်ဖုန်းရှိမယ်။ ပြီးတော့ ကျွန်တော့်စိတ်ကြိုက် သီးသန့် အဝတ်အစားတွေ ရှိမယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ အဝတ်အထည်တွေ အားလုံး ကင်းရှင်းနေမယ့် ပုံစံမျိုး ဆိုပါတော့"ဟုလည်း ဆိုသည်။ အသက်(၄၃)နှစ်ရှိ မတ်က "တစ်ခါတစ်လေ အဲဒီနေရာက ကျွန်တော့် အလုပ်ခန်းလည်း ဖြစ်နေတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလို သီးသီးခြားခြားလေး နေရာတစ်ခု ရှိနေတာကို ကျွန်တော် သဘောကျပါတယ်"ဟုလည်း ပြောဆိုသွားသည်။
From: Planet Myanmar Network

No comments:

Post a Comment