ဝက်ခေါက်ကင်သုပ်ရန် အတွက် ဝက်သားသုံးထပ်သားကို အမြှောင်းလိုက်လှီး၍ ရေစင်အောင်ဆေးပြီးလျှင် ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်း လက်ဘက်ရည်ဇွန်း ၁ ဇွန်း သုံးပုံ ၁ပုံခန့် ထည့်ပြီးနယ်ပါ။ပြီးလျှင် ရေမြုတ်ရုံထည့်ပြီး ရေကုန်သည်အထိပြုတ်ပါ။ထို့နောက် ဝက်သားသုံးထပ်သားများကို မီးအပူချိန် Oven ၁၈၀ ဒီဂရီထားပြီ ၂၀ မိနစ် (သို့) ၃၀ မိနစ်ခန့်ကင်ပေးပါ။ကင်နေစဉ် အတွင်း Oven ကိုမကြာခဏဖွင့်ကြည့်ပါ။ ဝက်ခေါက်များ ရွှေရောင်သန်းလာပြီး ပွ၍ကြွပ်တက်လာလျှင် ဝက်ခေါက်ကင်ရပါပြီ။ဝက်ခေါက် ကင်ကို ခဏအအေးခံပြီးမှ ဝက်ခေါက်ကင်သုပ် အတွက် ကြိုက်နှစ်သက်သလို ပါးပါးလှီးထားပါ။
ဝက်ခေါက်ကင်သုပ်ရန်အတွက် သခွါးသီး၊ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ရှောက်ရွက်(သို့ ) နံနံပင် တို့ကို ပါးပါးလှီးထားပါ။ ဇလုံတခုထဲသို့ လှီးထားသော ဝက်ခေါက်ကင်၊ သခွါးသီး၊ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ရှောက်ရွက်(သို့ ) နံနံပင် တို့ကို ထည့်ပါ။ပြီးလျှင် ဆီချက်၊ကြက်သွန်နီကြော်၊ငရု တ်ဆီ အချဉ်ရည် နှင့် ငံပြာရည် တို့အားလုံးထည့်ပြီး ရောနယ်ပါ။အချဉ်လိုသေးလျှင် သံပုရာရည်ညှစ်ထည့်ပြီး သုပ်ပါ။ငရုတ်သီးမှုန့်ကြိုက် လျှင်လည်း ထည့်ပြီးသုပ်လို့ရပါတယ်။ အရသာကောင်းမွန်သော ချဉ်ချဉ် ငံငံ စပ်စပ် ဝက်ခေါက်ကင်သုပ်လေး သုံးဆောင်လို့ ရပါပြီရှင်။
ဝက်ခေါက်ကင်သုပ်ရန်အတွက် သခွါးသီး၊ဂေါ်ဖီ၊ငရုတ်သီးစိမ
No comments:
Post a Comment