Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ပုပ်ရဟန်းမင်းကြီးက စည်းစိမ်ခံလွန်းသည့် ဂျာမန်ဘုန်းတော်ကြီးကို တာဝန်ဆိုင်းငံ့

ဂျာမန် ခရစ်ယာန် ဘုန်းတော်ကြီး ဖရန့်ဇ်ပီတာ တီဘတ်ဇ်ဗန်အက်စ်သည် ဒေါ်လာ (၄၂)သန်း တန်ဖိုးရှိသည့် ခမ်းနား ထည်ဝါလှသည့် ကျောင်းအဆောက်အအုံသစ်ကို တည်ဆောက်ခဲ့သည်။


ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် အနေဖြင့် စည်းစိမ်ခံလွန်းသော ဘုန်းတော်ကြီးအဖြစ် နာမည်ကြီးနေသည့် ဂျာမန်ဘုန်းတော်ကြီး တစ်ပါးကို လုပ်ငန်းတာဝန်များ ဆိုင်းငံ့ထားစေခဲ့ပြီဟု သိရသည်။ ဂျာမန် ခရစ်ယာန် ဘုန်းတော်ကြီး ဖရန့်ဇ်ပီတာ တီဘတ်ဇ်ဗန်အက်စ်သည် ဒေါ်လာ (၄၂)သန်း တန်ဖိုးရှိသည့် ခမ်းနား ထည်ဝါလှသည့် ကျောင်းအဆောက်အအုံသစ်ကို တည်ဆောက်ခဲ့သည်။ ယင်းပရောဂျက်သည် မူလ လျာထားသည်ထက် (၆)ဆမျှ အကုန်အကျ ပိုများခဲ့ပြီး ဝေဖန်စရာ အခြေအနေများ ဖြစ်ပေါ်လာသည်။ ဗာတီကန် နန်းတော်က ပုပ်၏ မိန့်ကြားမှုဖြင့် ဘုန်းတော်ကြီး ဖရန့်ဇ်ကို လုပ်ငန်းတာဝန် ဆိုင်းငံ့ထားကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောဆိုခဲ့သော်လည်း ယင်းသက်ရောက်မှု မည်မျှ ကြာမြင့်မည်ကို တိတိကျကျ မသိရသေးချေ။

ဘုန်းတော်ကြီး ဖရန့်ဇ်ကို လုပ်ပိုင်ခွင့် ဆိုင်းငံ့ထားသည့် ကာလအတောအတွင်း လက်ထောက်ဖြစ်သူ ဘုန်းတော်ကြီး ဝုလ်ဖ်ဂန်းရို့ခ်ျက ၎င်း၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်မည် ဖြစ်သည်။ အသစ်တည်ဆောက်သည့် အဆောက်အအုံ၏ တန်ဖိုးမှန် ထွက်ပေါ်လာသည့်နောက် လင်းဘာ့ဂ်မြို့မှ ဘုန်းတော်ကြီးသည် အလွန် ဟိတ်ကြီးဟန်ကြီးနိုင်သူ၊ စည်းစိမ်ခံလွန်းသူအဖြစ် ပြစ်တင်မှုများ ထွက်ပေါ်လာသည်။ ဗာတီကန်သည် အဆောက်အအုံ စတင်တည်ဆောက်ရန် စီမံကိန်းကို စာရင်းစစ်များ စေလွှတ် စစ်ဆေးခဲ့ဖူးသော်လည်း လက်တွေ့တွင်မူ ဘုန်းတော်ကြီး ဖရန့်ဇ် သီတင်းသုံးမည့် နေရာသည် စာရင်းများတွင် ဖော်ပြထားသည့်ထက် များစွာ တန်ဖိုးပိုကြီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

From: planet

No comments:

Post a Comment