Tuesday, October 22, 2013
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ Sd Tip GM Co.Ltd အထည်ချုပ်စက်ရုံ (ရပ်ကွက်အခေါ် ပလာတာ စက်ရုံ) မှ မြန်မာရွှေ့ပြောင်းအလုပ်သမား
အဆိုပါစက်ရုံမှာ အထည် ကောက်ရုံအမျိုးအစားဖြစ်ပြီး
''လကုန်ရင် သူဌေးက ကျွန် တော်တို့ရမယ့်ငွေတွေကို အပြည့် မပေးဘဲ ဘတ် ၅၀၀ လောက်ပဲ ပေးတယ်လေ။ ကျန်တဲ့ပိုက်ဆံတွေ ကို ရှင်းပေးမယ် ရှင်းပေးမယ် ပြော လာတာ ကြာပြီလေ။ ကျွန်တော် တို့လဲ ရလိမ့်နိုး ရလိမ့်နိုးနဲ့ စောင့် လာတာ အခုဆို သုံးလတောင်ရှိ ပြီ။ ပိုက်ဆံတွေအကုန်ရမှ အလုပ် ဆင်းမယ်ဆိုတော့ ကျွန်တော်တို့ အားလုံးကို စက်ရုံကနေ ခွေးမောင်း သလို မောင်းထုတ်ခဲ့တယ်''ဟု အ လုပ်သမားတစ်ဦးက ယင်းတို့၏ အခြေအနေကို ရှင်းပြသည်။
အလုပ်သမားများမှာ အလုပ် ရှင်အားဆန္ဒပြသည့်အနေဖြင့် မိမိ တို့လုပ်အားခငွေများ ပြန်လည် ရရှိမှသာ အလုပ်ပြန်ဆင်းကြရန် စီစဉ်ခဲ့ကြောင်း၊ အလုပ်ရှင်မှ နောက် ဆုံးတွင် အလုပ်မဆင်းသောအလုပ် သမားများအား လုပ်အားခများ မရှင်းပေးသည့်အပြင် ခြိမ်းခြောက် ပြီး စက်တင်ဘာ ၂၅ ရက်တွင် မောင်းထုတ်ခဲ့ကြောင်း သိရသည်။
''သမီးတို့ကို ယာယီပတ်စ် ပို့လုပ်ရမယ်ဆိုပြီး သူဌေးက လ စဉ်ဘတ် ၅၀၀ ကို လစာထဲကနေ ဖြတ်ထားတာ။ အခုဆို ဘတ် ၄၀၀၀ ပြည့်သွားပြီလေ။ ယာယီပတ်စ်ပို့ မလုပ်ပေးတဲ့အပြင် ပုံမှန်ရမယ့် လုပ်ခတွေကိုတောင် မရှင်းပေးဘူး လေ''ဟု စက်ရုံအလုပ်သမတစ်ဦး က ပြောသည်။
''အလုပ်သမားတွေ အခုလို ဖြစ်တော့ ကျွန်တော်တို့အနေနဲ့ လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူးလေ။ သူတို့တွေရဲ့အရေးအတွက် လုပ် ဆောင်ပေးရမယ်။ အဆင်ပြေလား ဆိုတော့ ကျွန်တော်တို့ရုံးက NGO အဖွဲ့အစည်းလို အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ရုံးမဟုတ်ပါဘူး။
Yangon Media Group
No comments:
Post a Comment