Wednesday, October 9, 2013
အမေရိကန်ပြည်ထောင်စုမှ အစိုးရ ရုံးစိုက်တဲ့ ဝါရှင်တန် ဒီစီမြို့ မှာ ထရပ်ကားကြီးများ ဆန္ဒ ပြမှာ ဖြစ်ပါတယ်။ ရက်စွဲ ကတော့ အော်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ ဖြစ်ပါတယ်။ ယခုလည်း ကားအစီးရေ ၄၀၀ ကျော်ပါဝင် ဆန္ဒပြနေပါပြီ။
အကြောင်းကတော့ Government Shutdown ကြောင့် အမေရိကန် နိုင်ငံ က ပြည်သူများကို ထိခိုက်စေကြောင်း သိစေချင်လို့ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား တင်ပြထားတဲ့ ကျန်းမာရေး စောင့်ရှောင့်မှု ဥပဒေကို ရစ်ပလစ် ကန်ပါတီ က ငြင်းဆန်နေ ဆဲပါပဲ။ ဒါကြောင့် အိမ်ဖြူတော်ကလည်း အတည် မပြေုပေး နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ကျန်းမာရေးစောင့်ရှောက်မှုန
ယင်း ပိတ်ပင်မှုကြောင့် အမေရိကန်မှ အစိုးရ ဝန်ထမ်း ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်နေပြီး လုပ်ငန်း ပြစတင်မယ့် အချိန်ကို သာ မျော် လင့်နေကြပါတယ်။ အစိုးရကို မှီခိုနေရတဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း များလည်း ရပ်နားသွားရပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာမယ့် အချိန်ကို မျှော်လင့်လျက် ရှိပါ တယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှ အကြောင်းတစ်စုံတရာ ထူးခြားမှုမရှိရင် ထရပ်ကားကြီး အစီးရေ ၃၀၀ ကျော် က အိမ်ဖြူတော် လှည့်လည်လို့ ဆန္ဒပြ သပိတ်မှောက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
Aung Kham (ColayAutomobile)
No comments:
Post a Comment