Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 9, 2013

သမ္မတဦးသိန်းစိန် ဘရူနိုင်းအစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ ရာထူးလက်ခံမည်

ရန်ကုန်၊ စက်တင်ဘာ ၈

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံတွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေး၌ မြန်မာ့သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူး လက်ခံမည်ဖြစ်ကြောင်း အာဆီယံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၉ ရက်နေ့ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် ဖြစ်ပြီး ၁၆ နှစ်ကြာတွင် ပထမဆုံးအကြိမ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ယင်းတာဝန်ကို စတင် ထမ်းဆောင်မည် ဖြစ်သည်။

ယခုလက်ရှိ အစည်းအဝေးတွင် ၂၀၁၅ မတိုင်မီ အာဆီယံနိုင်ငံများ၏ သေချာသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာများ ပိုမိုချိတ်ဆက် အကောင်အထည် ဖော်နိုင်ရေးကို ဆွေးနွေးသွားမည်ဟု အာဆီယံက သတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍လည်း အစည်းအဝေးတွင် မြန်မာ မေးခွန်းထုတ် ခံရနိုင်ကြောင်း နိုင်ငံတကာ သတင်းအချို့တွင် ရေးသားထားသည်။

ပုံမှန်အားဖြင့် တစ်နှစ် နှစ်ကြိမ် ကျင်းပသော အာဆီထိပ်သီး အစည်းအဝေးများ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဧပြီလ၌ စတင်ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာသည် ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း ၂၀၁၄ တွင်မှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

No comments:

Post a Comment