- ရန်ကုန်၊ အောက်တိုဘာ ၂၄
၁၁.၁၀.၂၀၁၃ရက်နေ့ ၀၉၃၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်နေ၊ ဒေါ်သန်းမြိုင်သည် ၎င်းတစ်ဦးတည်းနေထိုင်သည့်
နေအိမ်နောက်ဖေးရေချိုးခန်းတွင် လဲကျနေသည်ကို ၎င်း၏တူဖြစ်သူ ကိုမင်းအောင်မှတွေ့ရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ရာ
သေဆုံးနေကြောင်း သိရသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားမှုအား သေမှုသေခင်း အမှတ်စဉ်(၄၇/၂၀၁၃)ဖြင့်
ရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။
ကိုမင်းအောင်သည် သေဆုံးသူဒေါ်သန်းမြိုင်အား သဂြိုလ်ရန်အတွက်
သေဆုံးသူ၏မှတ်ပုံတင်နှင့် မွေးစာရင်း လာရောက်ယူဆောင်စဉ်
ဒေါ်သန်းမြိုင်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ပစ္စည်းများပြန့်ကျဲကာ
နောက်ဖေးရေချိုးခန်း ပြူတင်းတံခါးသံဇကာမှာလည်း ဖြတ်တောက်ခံထားရသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ဒေါ်သန်းမြိုင်၏ရုပ်အလောင်းအား မှုခင်းဆရာဝန်မှ စစ်ဆေးရာ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ၀ဲတံတောင်၊လက်ခုံ၊ ဒူးပွန်းပဲ့ဒဏ်ရာများနှင့် ယာဘက်နံရိုးနံပါတ်(၂) မှ (၈)အထိကျိုးနေကြောင်း စစ်ဆေးသိရှိရပါသည်။
ဒေါ်သန်းမြိုင်သေဆုံးမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ် မှုတပ်ခွဲ၊မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၂၃.၁၀.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မသင်္ကာ တရားခံ ဇော်ဝင်းထွန်း
(ဘ)ဦးဟံတင်၊ (၆၀)ရပ်ကွက်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား ဖမ်းဆီးစစ်ဆေးရာ ၎င်းသည် ၁၀.၁၀.၂၀၁၃ရက်နေ့ ညပိုင်းတွင်
ဒေါ်သန်းမြိုင်၏နေအိမ်အတွင်းသို့ ရေချိုးခန်းပြူတင်းတံခါး သံဇကာအား ချိုးဖျက်ဝင်ရောက်စဉ် ဒေါ်သန်းမြိုင်မှ အော်ဟစ်သဖြင့် ခန္ဓာကိုယ်အား
ချုပ်ကိုင်၍ ပါးစပ်အားလက်ဖြင့်ဖိထားရာမှ ဒေါ်သန်းမြိုင် သတိလစ်
လဲကျသွားစဉ် ဒေါ်သန်းမြိုင်ဝတ်ဆင်ထားသည့် စိန်တစ်လုံးစီပါနားကပ်
တစ်ရံနှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံးတို့အား ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုအား သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးရာမှ (ပ)၈၉၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၉၂ဖြင့် ပြောင်းလဲဖွင့်လှစ်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 24, 2013
အမျိုးသမီးတစ်ဦးတည်းနေထိုင်သည့် နေအိမ်အားဝင်ရောက်၍ လူသတ်ပစ္စည်းယူဆောင်သူအား ဖမ်းဆီးရမိ
အမျိုးသမီးတစ်ဦးတည်းနေထိုင်သည့် နေအိမ်အားဝင်ရောက်၍ လူသတ်ပစ္စည်းယူဆောင်သူအား ဖမ်းဆီးရမိ
Reviewed by VC
on
October 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment