Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

မိတ္ထီလာတွင် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်ဓာတ်ဆီလောင်းမီးရှို့

မိတ္ထီလာ၊ အောက်တိုဘာ ၂၃

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် ယခုလ ၂၁ရက် ည ၁ဝ နာရီခွဲက အမျိုးသား တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ကာ သေကြောင်းကြံမှုဖြစ်ပွားကြောင်း သိရသည်။

ဦးမင်းမင်း အသက်(၃၈)နှစ် (ဘ) ဦးညီညီလွင်သည် ဇနီးဖြစ်သူမခင်မာလွင်ထံမှ ပိုက်ဆံတောင်းရာမပေးသဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ သေကြောင်းကြံခဲ့ရာ အနီးရှိလူများက ၄င်း၏ခန္ဓာကိုယ်မီးလောင် နေမှုကို ဝိုင်းဝန်းငြှိမ်းသတ်၍ မိတ္ထီလာပြည်သူ့ ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနသို့ ညတွင်းချင်း ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မောင်မောင်(ထီလာ)
The Union Daily

No comments:

Post a Comment