Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 25, 2013

ဘုရားသွားမည်ဟုဆိုကာ တည်းခိုခန်းခေါ်၍ အဓမ္မပြုကျင့်ခံရမှု တစ်ပတ်အကြာမှ တိုင်ကြား



ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခု၌ အသက်၁၇နှစ်အရွယ် ၁၀ တန်းကျောင်းသူ တစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ရပ်ကွက်၊ဇေယျဝတီ ၄လမ်းနေမ......(၁၇)နှစ်သည်ကျူရှင်တက် ရန်အိမ်မှ ထွက်သွားရာ ညနေပိုင်းအချိန်အထိ ပြန်ရောက်မလာသဖြင့် မိခင်ဖြစ်သူကလိုက်လံရှာဖွေ ရာ ညဆယ်နာရီ အချိန်ခန့် တွင် သမီးဖြစ်သူမှာ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက် ရှိနေကြောင်း သိရပြီး လိုက်သွား ခဲ့သည်ဟုဆိုသည်။

သမီးဖြစ်သူမ..... အားမေးမြန်းကြည့်ရာမှ တစ်ရပ်ကွက်ထဲနေ အသက်(၂၉) နှစ် အရွယ် အဘ ဦးကျော်ကျော်ဝင်း၏ သားဖြစ်သူမှာ သန်လျင်သို့ဘုရားဖူးသွားမည်ဟု ခေါ်ဆောင်သဖြင့် မ….မှာ လိုက်ပါ သွားခဲ့ရာ သန်လျင်မြို့ရှိ “မြိုင်” တည်ခိုခန်းသို့ခေါ်ယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သဖြင့် သွေးသွန် ခဲ့ပြီး ရန်ကုန် ဗဟို အမျိုး သမီးဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း မ…....က မိခင်ဖြစ်သူကို ပြန်ပြောပြ ခဲ့သည်။

မ......မှာ ၁၀ တန်းနှစ်ကျကျောင်းသူတစ်ဦးဖြစ်ပြီး အပြင်ဖြေအဖြစ်စာမေးပွဲဖြေဆိုရန် ကျူရှင် တက်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၄င်း၏မိခင်ဖြစ်သူဒေါ်တင်တင်မူက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမ….၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ က မကျေ နပ် သဖြင့် တစ်ပတ်အကြာ အောက်တိုဘာ ၂၄ရက်နေ့တွင် သန်လျင်မြို့နယ်ရဲစခန်း၌ ကျူးလွန် ခဲ့သူကို အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ . . . . .ကို အရေးယူပေးရန် မ....၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ၏ တရားလိုပြု တိုင်ကြား ချက်ကို သန်လျင်ရဲစခန်းမှ မမစ(ပ)

၉၈၃/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၃၆၆ ဖြင့် အောက်တိုဘာ ၂၄ရက် မွန်းတည့် ဆယ့်နှစ်နာရီ ငါးမိနစ်အချိန်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲမှူး(စခမ)မှ တရားခံအား ဖမ်းဆီး ရမိရေးစုံ စမ်းလျက် ရှိသည်ဟု သန်လျင်ရဲစခန်း က သိရသည်။

BY ဇော်ဂျီ(မြစ်မခ)

No comments:

Post a Comment