Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 8, 2013

အွန်လိုင်း ကောလဟာလတွေ ဖြန့်ဝေမှု လူ၄၀၀ကိုအာဏာပိုင်များစစ်ဆေး

 အွန်လိုင်းကောလာဟလတွေဖြန့် ဝေလို့ တရုတ်ပြည် ရှင်ကျန်းပြည်နယ်အနောက်မြောက်ဒေသက လူ ၄၀၀ ကိုစစ်ဆေးနေတယ်လို့ သတင်းဌာနတွေမှာဖော်ပြထားပါတယ်။
ဂျွန် ၂၆ကနေ သြဂုတ် ၃၁ ရက်ကြားလူပေါင်း ၁၁၀လောက်ထိန်းသိမ်းခဲ့ပြီး ၁၆၄ယောက်ကိုသတိပေး
ခဲ့ပါတယ်။ရှင်ကျန်းပြည်နယ်မှာ ၀ီဂါမူဆလင်အများစုနေထိုင်ပြီး အာဏာပိုင်တွေနဲ့ မကြာခဏ ပဋိပက္ခဖြစ်တယ်လို့ ဆိုပါတယ်။


ဖမ်းဆီးထားတဲ့အထဲမှာပါဝင်တဲ့ မူလတန်းပြဆရာတဦးဟာ ဗီဒီယိုလေးခု ဖန် တီးပြီးသူ့ ရဲ့  ၀က်ဆိုက် မှာလွှင့်တင်ခဲ့ပါတယ်။ဘာသာရေးအစွန်းရောက်ကိစ္စရပ်တွေပါဝင်တဲ့ဒီဗီဒီယိုကို ကြည့်ရှု သူ ၁၅၀၀ရှိပြီး  weibo ၀က်ဆိုက်မှာ အကြိမ်ပေါင်း ၁၁၀၀၀ တင်ထားတာတွေ့ ရပါတယ်။

ဒီတစ်နှစ်ထဲမှာတင်ပဲ ပဋိပက္ခတွေကြောင့်အဲဒီဒေသက အနည်းဆုံးလူ ၁၀၀လောက်သေဆုံးခဲ့ပါတယ်။
ပီကင်းအစိုးရရဲ့  ယဉ်ကျေးမှုနဲ့  ဘာသာရေးဖိနှိပ်မှုတွေခံရတာကြောင့်ဒေသခံမူဆလင်တွေ မကျေနပ်ဖြစ် တာကြာခဲ့ပြီလို့ ဆိုပါတယ်။တရုပ်အစိုးရကတော့လွတ်လပ်ခွင့်အများကြီးပေးထားတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲလကပဲ တရုတ်သမ္မတဇီကျန်းပင်က ခွဲထွက်ရေး၊အကြမ်းဖက်သမား၊ ဘာသာရေးအစွန်းရောက်တွေ ကို ဆက်လက်တိုက်ဖျက်ဖို့  သံနိဌာန် ချထားကြောင်းပြောခဲ့ပါတယ်။
လူ့ အခွင့်အရေးအဖွဲ့ ကတော့တရုတ်အစိုးရဟာ  အကြမ်းဖက်သမားခြိမ်းခြောက်မှုကိုချဲ့ ကား အကြောင်းပြပြီး တင်းကျပ်တဲ့လုံခြုံရေးပေါ်လစီကိုအကောင်အထည်ဖော်နေတာလို့ စွပ်စွဲထားပါတယ်။
the melting pot 4 u
(ကူးယူဖော်ပြပါက the melting pot 4 U မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်။)


Source 
အွန်လိုင်းကောလာဟလများ ဖြန့်ချိမှုဖြင့် တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ်တွင် လူပေါင်း ၁၁၀ ခန့်ကို ဖမ်းဆီး

10/10/2013

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇင်ကျန်းပြည်နယ်တွင် အွန်လိုင်းကောလဟလများ ပျံ့နှံ့ခဲ့မှုအတွက် လူ ၄၀၀ နီးပါးအား စစ်ဆေးလျက်ရှိကြောင်း အောက်တိုဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဇွန်လ ၂၆ ရက်မှ သြဂုတ်လ ၃၁ ရက်အတွင်း လူပေါင်း ၁၁၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၆၄ ဦးကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မသင်္ကာဖွယ်ဖြစ်သူများက တည်ငြိမ်မှုကို ပျက်ပြားစေမည့်အရာများနှင့် ဘာသာရေး အစွန်းရောက်မှုတို့ကို ဖြန့်ချိခဲ့ကြသည်ဆိုသည်။

တရုတ်တွင် ဇင်ကျန်းဒေသမှာ မွတ်စလင် #Uighur လူနည်းစုများ နေထိုင်ကြသည့် ဒေသဖြစ်ပြီး၊ ၎င်းတို့သည် အာဏာပိုင်များနှင့် မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိသည်။

ဇင်ကျန်းဒေသတွင် အင်တာနက်အသုံးပြုသူများအကြား ဘာသာရေးအစွန်းရောက်မှုများကို အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိမှုများရှိခဲ့သည်ဟု ဒေသတွင်းကွန်မြူနစ်ပါတီကော်မတီ၏ အာဘော်သတင်းစာဟု သတ်မှတ်ထားကြသည့် #Xinjiang Daily က ဆိုထားသည်။

အွန်လိုင်းရာဇ၀တ်မှုများဖြစ်ကြသည့် အကြမ်းဖက်ရေး သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလ ဖန်တီးဖြန့်ချိမှုများလည်းများ ပြားလာခဲ့သည်ဟု သတင်းစာကဆိုထားသည်။

မတည်မငြိမ်ဖြစ်စေနိုင်သည်ဟု ၎င်းတို့ ယူဆထားကြသည့်၊ အွန်လိုင်းကောလဟလများ ပျံ့နှံ့နေမှုကို တိုက်ဖျက်ရန် တရုတ်နိုင်ငံခေါင်းဆောင်များ ယခုအခါကြိုးစားနေကြသည်။

ဖမ်းဆီးထားခဲ့သည့် မသင်္ကာဖွယ် ဖြစ်သူများထဲမှ ပြန်လွှတ်ပေးလိုက်သူ ရှိမရှိနှင့်ပတ်သက်၍ မူ Xinjiang Daily သတင်စာတွင် ဖော်ပြထားခြင်းမရှိပေ။

အဖမ်းခံထားရသူတချို့၏ ကိစ်္စနှင့် ပတ်သက်၍မူ သတင်းစာတွင် ဖော်ပြထားသည်။ အဖမ်းခံထားရသူ များထဲတွင် #Kashgar မှ မူလတန်းပြ ဆရာတစ်ဦးနှင့် #Hotan မှ လယ်သမားတစ်ဦးတို့လည်း ပါဝင်သည်။
ကျောင်းဆရာမှာ ဗွီဒီယိုလေးခုဖန်တီးကာ သူ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွင် မေလအတွင်းက လွှင့်တင်ခဲ့သောကြောင့်ဖြစ်ကြောင်း သတင်းစာက ဆိုထားသည်။

ဗွီဒီယိုများထဲတွင် ဘာသာရေး အစွန်းရောက်မှုကို အားပေးသည့်အရာများ ပါဝင်သည်ဟု ဒေသခံရဲတစ်ဦးကဆိုကြောင်း သတင်းစာထဲတွင် ရေးသားထားသော်လည်း အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

တွစ်တာ (#Twitter) နှင့် အလားတူသော တရုတ်အွန်လိုင်း လူမှုကွန်ယက် #Weibo တွင် သူကလင့်ခ်များ တင်ခဲ့ခြင်းဖြစ်သည်။
ထိုဗွီဒီယိုများအား စုစုပေါင်းကြည့်ရှုမှု ၁,၅၀၀ ရှိခဲ့သည်ဟု သိရပြီး နောက်ပိုင်းတွင် ရဲများက ထိုဗွီဒီယိုများကို ဖယ်ရှားခဲ့ကြသည်။

Hotan မှ လယ်သမားတစ်ဦးမှာမူ စုစုပေါင်း 2 GB ပမာဏရှိသည့် အီလက်ထရွန်းနစ်စာအုပ်များကို သူဖန်တီးထားသည့် ၀က်ဘ်ဆိုဒ်တစ်ခုတွင် တင်ခဲ့သောကြောင့်ဖြစ်ပြီး၊ ထိုစာအုပ်များထဲတွင် ခွဲထွက်ရေးနှင့် ပတ်သက်သည့် စာအုပ်များလည်း ပါဝင်သည်ဟု သတင်းစာကဆိုသည်။

ရဲများမတွေ့ရှိသေးမီက ထိုအီလက်ထရွန်းနစ်စာအုပ်များထံ အွန်လိုင်းမှ လာကြည့်ကြသည့် အကြိမ်ရေပေါင်း ၃၀,၀၀၀ ကျော်ရှိပြီး၊ ထပ်ဆင့်ဝေငှသူ ၆၀၀ ရှိကာ ဒေါင်းလုပ်လုပ်ခဲ့ကြသည့်အကြိမ် စုစုပေါင်း ၁၄,၀၀၀ ခန့်ရှိသည်။

Mizzima








No comments:

Post a Comment