တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်သည့်အတွက် လွန်ခဲ့သည့် ၂၅ နှစ်ခန့် န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အစိုးရလက်ထက်က သိမ်းထားသည့် လိုင်စင်ဖြင့် ကိုင်ဆောင်သည့် သေနတ်များအား ပြန်ပေးမည်မဟုတ်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက
အောက်တိုဘာ ၂၁ ရက်တွင် ပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင် အဆိုပါ သိမ်းဆည်းထားသည့် လိုင်စင်(သို့) ပါမစ်ဖြင့် ကိုင်ဆောင်သည့် သေနတ်များအား မူလ ပိုင်ရှင်ထံနှင့် မူလပိုင်ရှင်ကွယ်လွန်သွားပါက အမွေဆက်ခံခွင့်ရှိသူများထံ ပြန်လည်ပေးအပ်ရန် ရှိမရှိကို အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် အမရပူရမြို့နယ်မှ လွှတ်တော် အမတ်ဦးသိန်းထွန်း ၏ မေးမြန်းမှုကို ဒု-၀န်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒု-၀န်ကြီးက “လက်နက်များဖြင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် ယခင်က သိမ်းဆည်းခဲ့တဲ့ လက်နက်များကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့အချိန
မြန်မာနိုင်ငံတွင် လိုင်စင်(သို့မဟုတ်) ပါမစ်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ပြုသည့် စနစ်ကို န၀တအစိုးရ လက်ထက်တွင် ခွင့်မပြုတော့ဘဲ သေနတ်များအား ပြန်လည် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် အမရပူရမြို့နယ်တွင်ပင် သိမ်းဆည်းထားသည့် လိုင်စင်၊ပါမစ်ဖြင့် ကိုင်ဆောင်သည့် သေနတ်ပေါင်း ၂၀ ခန့်ပင်ရှိသည်ဟု ဦးသိန်းထွန်းဦးက လွှတ်တော်တွင် ပြောသည်။
ပြည်သူများအား သေနတ်ကိုင်ဆောင်ခွင့်ပေးထားသည့်
ယင်းအပြင် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပဋိပက္ခဖြစ်စဉ်များနဲ့အတူ ပြည်တွင်းအေး ချမ်းတည်ငြိမ် မှု ယိုယွင်းခဲ့တဲ့ အခြေအနေများကို အစိုးရအဆက်ဆက်က ထိန်းသိမ်းဟန့်တား နှိမ်နင်းခဲ့ရတဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အားနည်းခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်” ဟုလည်း ၀န်ကြီးက ဆိုသည်။
No comments:
Post a Comment