Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံသို့ ၁၆ ရက်ကြာ သွားရောက်မည်


ရန်ကုန်၊ အောက်တိုဘာ ၁၄

ဥရောပသုံးနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလအတွင်း ဥရောပငါးနိုင်ငံသို့ ၁၆ ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ၁၆ ရက်ကြာ ခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီနိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ပါလီမန်တွင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ ဆွေးနွေးမည် ဖြစ်ပြီး ဗြိတိန်နိုင်ငံ Sandhurst Military Academy တွင် အမှာစကား ပြောကြားမည် ဖြစ်ကြောင်း NLD ပါတီ ထုတ်ပြန်ချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန် မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ကိစ္စများကို လေ့လာဆွေးနွေးမည် ဖြစ်ပြီး ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် Sakharov လူ့အခွင့်အရေးဆုကို လက်ခံမည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။

အဆိုပါဆုကို တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်တို့လည်း ရရှိထားကြောင်း ဥရောပပါလီမန်က ထုတ်ပြန် ကြေညာထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်တွင်း ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဥရောပနိုင်ငံ သုံးနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။

No comments:

Post a Comment