Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

မိမိမျက်နှာပုံစံနှင့်လိုက်ဖက်မည့်မျက်မှန်

လုံးဝန်းသောမျက်နှာအ၀ိုင်း

ဤမျက်နှာပိုင်ရှင်များအဖို့ ထောင့်မှန်စတုဂံပုံမျက်မှန်မျိုး၊ မျက်လုံး၏ဘေးဖက်၊အပေါ်ဖက်များကို ကျယ်သည့်မျက်မှန်မျိုးကို ရွေးချယ် ကြည့်ပါ။

ထောင့်မှန်စတုဂံပုံလေးထောင့်ကျ သော မျက်နှာပိုင်ရှင်များ
ဤမျက်နှာမျိုးအတွက်မူ နဖူးကျယ်၊မေးရိုးကြီးတတ်သဖြင့်  ဇောက်လည်း မနက်လွန်း အလျားလည်းမကျယ်လွန်းသော ဘဲဥပုံမျက် မှန်မျိုးနှင့်အဆင်ပြေပါလိမ့်မည်။

ဘဲဥပုံမျက်နှာ
ဘေးဘက်ကို အနည်းငယ်ကျယ်ပြီး သစ်ကြားသီးသဏ္ဌာန်ရှိကာ ဇောက်လည်း မနက်၊ အလျား မကျယ်သောမျက်မှန်မျိုးကို တပ်ဆင် ကြည့်ပါ။

စိန်ပုံမျက်နှာအချွန်
မေးချွန်သောလူမျိုးဖြစ်ပြီး မျက်ခုံးကို မျက်မှန်ကိုင်းအနည်းငယ် တက်သည့်မျက်မှန် သို့မဟုတ် ကိုင်း မပါသော rimless မျက်မှန်ပုံနှင့် ကြည့်၍ ကောင်းပါလိမ့်မည်။

မျက်နှာရှည်သူများ
နှာခေါင်းထက်မရှည်သော လေးထောင့်စပ်စပ်မျက်မှန်မျိုးကို ရွေးချယ်ခြင်းဖြင့် မိမိမေးရိုးကြီးနေသည်ကို မသိသာစေတော့ပါ။

HT

Health Updates Journal No. 88

No comments:

Post a Comment