CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
“ဘယ်သူတွေ ဘယ်လောက်မှားမှား ကိုယ်မမှားအောင် နေတတ်ဖို့ လိုတယ်ဆိုတဲ့ နန်းခင်ဇေယျာ”
Q. နန်းခင်ဇေယျာက Tour Guide တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာတွေ ရဲ့အကျင့်စရိုက်နဲ့ပတ်
သက်ပြီး နိုင်ငံခြားသားဧည့်သည်တွေဆီကနေ ဘယ်လိုဝေဖန်မှုတွေကို ကြားရပါသလဲ။
A. ညီမအနေနဲ့ Guide လုပ်တဲ့အချိန်မှာ နိုင်ငံခြားသားဧည့်သည်တွေဟာ တချို့နေရာတွေမှာ မြန်မာတွေက ပျူငှာယဉ်ကျေးသိမ်မွေ့တယ်ဆိုတာ မပြောဘဲနဲ့ သိတယ်။ ညီမတို့နိုင်ငံမှာ သူတို့သဘောကျတဲ့အချက် တစ်ချက်က တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ
ပြုံးပြပြီး နှုတ်ဆက်ကြ တယ်။ သူတို့နိုင်ငံတွေမှာဆိုရင် အဲဒီလို
သိပ်မရှိဘူး။ သူစိမ်းဆန်ကြတယ်။ ညီမတို့ဆီမှာက လမ်းဘေးမှာတောင်
နိုင်ငံခြားသားကိုတွေ့ရင် Hi ဆိုပြီး နှုတ်ဆက်ကြတဲ့အတွက်ကြောင့်
မြန်မာလူမျိုးတွေက ဖော်ရွေ ပျူငှာတယ်ဆိုတာမျိုး သူတို့ပြောကြပါတယ်။
Q. နိုင်ငံခြားသားဧည့်သည်တွေအပေါ်မှာ
ဖော်ရွေပျူငှာတဲ့သူတွေ ရှိသလို ရိုက်စားလုပ်တဲ့သူတွေလည်း ရှိတတ်တယ်လေ။
ဥပမာ ကားငှားတယ်ဆိုရင် တချို့ကားသမားတွေက သူမသိပါဘူးဆိုပြီး ကားခကို
ပုံမှန်ထက်ပိုယူတာမျိုး၊ တချို့ဈေးသည်တွေက နိုင်ငံခြားသားဧည့်သည်တွေ
ဈေးလာဝယ်ပြီဆိုရင် ပုံမှန်ရောင်းနေတဲ့ဈေးထက် ဈေးတိုးပြီး
ရောင်းလိုက်တာမျိုးပေါ့။ အဲလို မကောင်းတဲ့အကျင့်စရိုက်တွေအပေါ် နန်းခင်ဇေယျာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
A. အဲဒါတွေက အရင်တုန်းကတော့ အရမ်းလုပ်ကြတယ်။ အခု နောက်ပိုင်းတော့
သိပ်မလုပ်ကြတော့ပါဘူး။ အရင်တုန်းကဆိုရင် ဒီပစ္စည်းကဘယ်လောက်လဲ၊ ဒေါ်လာ
(၁၀)တန်တယ်ဆိုရင် နိုင်ငံခြားသား လာဝယ်တဲ့အတွက်ကြောင့်
ဒေါ်လာ(၅၀)နဲ့ရောင်းလိုက်တာတွေ
ရှိတယ်။ ဈေးသည်တွေကလည်း နိုင်ငံခြားသားဆိုရင် ပိုက်ဆံအများကြီးရှိပြီး
သုံးနိုင်တယ်လို့ထင်တယ်။ တစ်ဖက်နိုင်ငံခြားသားက ပြန်ကြည့်ရင် လည်း
မြန်မာနိုင်ငံကလူတွေက ငါတို့ကျတော့ တစ်ဈေးရောင်းတယ်ဆိုပြီး ကိုယ်တွေကို
အထင်သေးသွားနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုလုပ်ရပ်တွေကို မလုပ်သင့်ပါဘူး။
တစ်ဖက်လူက သိသွားရင် ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကို အများကြီးထိခိုက်နိုင်ပါတယ်။
ပြီးတော့ ကိုယ်ချင်းစာတရားထားမယ် ဆိုရင်လည်း ဒါမျိုးတွေ ဖြစ်မယ်မထင်ပါဘူး။
ကိုယ်လည်း တစ်နေ့နေ့တစ်ချိန်ချိန် ပြည်ပကို သွားရတာပဲဖြစ်ဖြစ်၊
မြန်မာနိုင်ငံရဲ့ ကိုယ်မရောက်ဖူးတဲ့တစ်နေရာကို
သွားရတာပဲဖြစ်ဖြစ် အဲဒီကလူတွေက ကိုယ်လုပ်သလိုမျိုး ကိုယ့်ကို လုပ်တာခံရရင်
ကိုယ့်အနေနဲ့ ဘယ်လိုခံစားရ မလဲဆိုတာကို ကိုယ်ချင်းစာစိတ်ကလေးနဲ့
တွေးလိုက်မယ်ဆိုရင် ဒါမျိုးလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။
ှQ. တချို့လူတွေက နိုင်ငံခြားသားတစ်ယောက်ကိုတွေ့ရင် သူ နားမလည်ပါ ဘူးဆိုပြီး နောက်ပြောင်ပြီးတော့ပဲဖြစ်ဖြစ် စကားရိုင်းရိုင်းစိုင်းစိုင်းပြော တာတွေရှိတော့ ဒီလိုမကောင်းတဲ့အကျင့်စရိုက်တွေကို ဘယ်လိုပြုပြင် သင့်ပါသလဲ။
A. နိုင်ငံခြားသားတွေက မြန်မာလူမျိုးတွေကို ယဉ်ကျေးသိမ်မွေ့တယ်လို့
လက်ခံထားကြတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ နိုင်ငံခြားသားကိုတွေ့ ရင်
သူနားမလည်ဘူးထင်ပြီး ကိုယ့်အချင်းချင်း နောက်ပြောင်ပြော တတ်ကြတယ်။
ဒီ(.....)ကို ငါလိုက်ပို့လိုက်ဦးမယ်လို့ပြောပြီး
တချို့Taxi သမားတွေက နှစ်ထောင်တန်တဲ့ခရီးကို ငါးထောင်တောင်းပြီး
လိုက်ပို့တာတွေရှိတယ်။ ဒီလိုလုပ်ရပ်တွေက ညီမတို့ရဲ့ယဉ်ကျေးမှုနဲ့
လုံးဝမကိုက်ညီဘူး။ ပြီးတော့ နိုင်ငံခြားသားဖြစ်တိုင်း မြန်မာစကား
နားမလည်ဘူးလို့ မယူဆသင့်ဘူး။ တချို့ နိုင်ငံခြားသားတွေဆိုရင် မြန်မာ
စကားကို နားလည်တဲ့သူတွေ၊ သေချာလေ့လာသင်ယူထား တဲ့သူတွေရှိတယ်။
ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာကို
သူတို့တွေကြားသွားရင် ဒါဟာ အရမ်းရှက်ဖို့ကောင်းတဲ့ အကျင့်စရိုက်ပါ။
မြန်မာလူမျိုးတွေကိုပါ အထင်သေးသွားနိုင်တယ်။ အကျင့်စရိုက်ကောင်းဖို့ဆိုတဲ့နေရာမှာ စကားတစ်ခွန်းကြောင့် ကိုယ့်ဘ၀တစ်ခုလုံးပျက်သွားနိုင်သလို ထိပ်ဆုံးကိုလည်းရောက်သွားနိုင်တယ်။
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်
Tun Wai
“ဘယ်သူတွေ ဘယ်လောက်မှားမှား ကိုယ်မမှားအောင် နေတတ်ဖို့ လိုတယ်ဆိုတဲ့ နန်းခင်ဇေယျာ”
Reviewed by
VC
on
October 05, 2013
Rating:
5
No comments:
Post a Comment