Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

၂၀၀၈ ဖွဲ့စည်းပုံဟာ အမျိုးသမီးတွေ သမ္မတ ဖြစ်ခွင့်မရဟု ဒေါ်စုဝေဖန်

မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေအရ ​အမျိုးသမီးတွေ ​သမ္မတ ​ဖြစ်ခွင့်မရှိတာကြောင့် ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေဟာ ​ဒီမိုကရေစီ ​နည်းမကျဘူးလို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​သမ္မတဖြစ်သူတွေဟာ ​စစ်တပ်အတွေ့အကြုံရှိရမယ့် ​ပုဂ္ဂိုလ်တွေ ​ဖြစ်ရမယ်လို့ ​ပြဌာန်းထားတဲ့အတွက် ​အမျိုးသမီးတွေကို ​အလိုအလျောက် ​ပယ်ထားသလို ​ဖြစ်နေတယ်လို့ ​ပြောပါတယ်။
အဲ့ဒါ့အပြင် ​နိုင်ငံခြားသားတွေနဲ့ ​သွေးသားတော်စပ်သူတိုင်းကိုပါ ​သမ္မတဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့အတွက် ​ဗြိတိန်နိုင်ငံသားနဲ့ ​အိမ်ထောင်ကျခဲ့တဲ့ ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​အလိုအလျောက် ​သမ္မတဖြစ်ခွင့် ​ပိတ်ပင်ခံရတာ ​ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ဖို့ ​ဥရောပသမဂ္ဂက ​မြန်မာအစိုးရအပေါ် ​တောင်းဆိုမှုတွေ ​ပြုလုပ်ထားပေမယ့် ​အီးယူအဖွဲ့သာမက ​အမေရိကန်အစိုးရအနေနဲ့ပါ ​ဒိထက်မက ​ဖိအားပေး ​တောင်းဆိုမှုတွေလုပ်ဖို့လိုကြောင်း ​ဥရောပကိုရောက်နေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။
တိုင်းရင်းသား ​ပြဿနာ ​ဖြေရှင်းရာမှာလည်း ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေပါ ​အချက်အလက်တွေက ​အဓိကအခန်းကဏ္ဍမှာ ​ပါဝင်တဲ့အတွက် ​အခြေခံဥပဒေပြင်ဆင်မှုတွေ ​လုပ်ရမယ်လို့ ​ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ​တရားဥပဒေ ​စိုးမိုးရေး ​အားနည်းတာတွေ၊ ​အခြေခံ ​အဆောက်အဦးတွေဖြစ်တဲ့ ​ကားလမ်း၊ ​လျှပ်စစ်နဲ့ ​ရေပေးစနစ် ​အခက်အခဲတွေနဲ့ ​နိုင်ငံရေး ​လူမျိုးရေး ​ပြဿနာတွေကြောင့် ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့ ​အစိုးရက ​ဖိတ်ခေါ်ပေမယ့် ​နိုင်ငံခြား ​စီးပွားရေးသမားတွေ ​အယုံအကြည်နည်းပါးပြီး ​အစိုးရ ​ခန့်မှန်းထားတာထက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​နည်းပါးနေသေးတာ ​ဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။
အင်္ဂါနေ့မှာတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​ဥရောပသမဂ္ဂရဲ့ ​ပါလီမာန်မှာ ​အီးယူအဖွဲ့ရဲ့ ​ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ ​Sakharov ​လူ့အခွင့်အရေးဆုကို ​လူကိုယ်တိုင် ​လက်ခံမှာ ​ဖြစ်ပါတယ်။

No comments:

Post a Comment