၁၆.၁၀.၂၀၁၃ ရက်နေ့ ညနေ ၆း၅၀ အချိန်ခန့်၌ ပဲခူးတိုင်းဒေသကြီး (နောက်)
ပြည်ခရိုင် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/ အပိုင်း(၃)/ (၂) လမ်းရှိ
ဦးကြည်လှိုင် (၇၂)နှစ် ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ(ငြိမ်း)
၏နေအိမ်ခြံဝန်းအတွင်းရှိ ကားဂိုဒေါင်ထဲ မှ ထုတ်တန်းတွင်ကြိုးဆွဲချ
သေဆုံးခဲ့ကြောင်း သိရပါသည်။
အဆိုပါ မိန်းကလေးသည် ပေါင်းတည်မြို့နယ်
သဲမဲရွာနေထိုင်သူ (ဘ)ဦးမြစိုး ၏သမီး မရီရီစိုး (၁၈)နှစ် ဖြစ်ပြီး
ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင်
(၇၂)နှစ် ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်တွင်
အိမ်ဖော်လုပ်ဆောင်နေသူဖြစ်သည်။
သေဆုံးနေစဉ် တာဝန်ရှိသူများမှ သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိ ကြိုးကွင်းစွပ်သည့်ဒဏ်ရာသာတွေ့ရှိခဲ့ပါသည်။
တာဝန်ရှိသူများမှ
အသိသက်သေများရှေ့တွင် အလောင်းအား ဖြုတ်ယူပြီး ပြည်မြို့
ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်အပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
အဆိုပါသေဆုံးမှု့နှင့်ပက်သတ်ပြီး
ပြည်အမှတ်(၃)စခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်း(လ.၁၈၆၇၀၉)မှ
တရားလိုပြုလုပ်တိုင်တန်းထားပြီး (၈/၂၀၁၃) သေမှုသေခင်းဖြင့် ပြည်အမှတ်(၃)
စခန်းမှူးထံသို့ ဓမ္မတာအတိုင်းသေဆုံးသည် ဟုတ်၊ မဟုတ် စစ်ဆေးပေးပါရန်
တတိုင်တန်းထားကြောင်းသတင်းရရှိခဲ့ပါသည်။
ပြည်သတင်း
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment