CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဖောင်တော်ဦးဘုရားမှ မိရိုးဖလာရွှေဆိုင်းရောင်းချသည့်ဈေးသည်များ ဆန္ဒဖော်ထုတ်မည်
ညောင်ရွှေ၊ အောက်တိုဘာ ၂။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရှိ ဒေသခံပြည်သူများက ဖောင်တော်ဦးဘုရားရွေဆိုင်းရောင်းချခွင့်အား
ကန်ထရိုက်စနစ်ကျင့်သုံးပြီး ဘာသာခြားလူမျိုးအား
လုပ်ပိုင်ခွင့်ပေးခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့်
ဆန္ဒဖော်ထုတ်ခွင့်ပြုမိန့်တောင်းခံမည်ဖြစ်ကြောင်း သိရသည်။
ကန်ထရိုက်စနစ်ရရှိသူဦးအောင်ကျော်ထွန်းနှင့် ၄င်း၏ဇနီးသည် ဘာသာခြားဖြစ်နေခြင်းကြောင့် ဘုရားပေါ်တွင်လူမိုက်များမွေးပြီး ရမ်းကားနေခြင်း၊ ဒေသခံဈေးရောင်းနေသူများအား နှိပ်ကွပ်ခြင်းတို့ကြောင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်းသိရသည်။
“ ဒီကန်ထရိုက်စနစ်စလုပ်ကတည်းက ဘုရားပေါ်မှာပြသနာအမျိုးမျိုးဖြစ်နေတာ၊
ဒေသခံဈေးသည်တွေ၊ ဘုရားဖူးတွေနဲ့ ပြဿနာတွေအများကြီးပါ၊ အဓိကကဘုရားကို
ဘာသာခြားတွေအပိုင်စီးနေတာက အဓိကပြဿနာပါ၊ ရေရှည်မှာ
ဘာသာရေးပဋိပက္ခဖြစ်လာတော့မှာ၊ ဒါ့ကြောင့်လက်မခံတာ ” ဟု လည်ခြေရွာနေ
ဒေသခံတစ်ဦးကပြောသည်။
Hinthata HumanRights
ဖောင်တော်ဦးဘုရားမှ မိရိုးဖလာရွှေဆိုင်းရောင်းချသည့်ဈေးသည်များ ဆန္ဒဖော်ထုတ်မည်
Reviewed by
VC
on
October 01, 2013
Rating:
5
No comments:
Post a Comment