Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ပါရာဂွေးမယ်စင်္ကြာဝဠာ ဗီဇာမပါလို့ အိမ်ပြန်ခဲ့ရ


ပါရာဂွေးနိုင်ငံကိုကိုယ်စားပြုယှဉ်ပြိုင်မယ့်   မယ်စကြ်ာဝဠာဂွန်ဇာလက်ဟာ ရုရှားနိုင်ငံကိုဝင်ရောက်ဖို့  ဗီဇာ လိုအပ်တာကြောင့် အိမ်ပြန်ခဲ့ရပါတယ်။
ဂွန်ဇာလက်ဟာ ပါရာဂွေးမြို့ တော် Asuncion ကနေ ဘွေနိုအေရီး၊ ရောမကိုခရီးဆက်ပြီး ရုရှားကို သွားဖို့ ပါ။ အဲဒီကျမှ ရုရှားကိုဝင်ရောက်ဖို့ သူ့ မှာ ဗီဇာမရှိဘူးဆိုတာသိရပါတယ်။ မယ်စင်္ကြာဝဠာပြိုင်ပွဲကျင်းပရေးအဖွဲ့ ဝင်တွေဟာအိမ်ရှင်နိုင်ငံတွေကိုဝင်ရောက်ဖို့  ဗီဇာလိုအပ်ချက်ကို တင်းတင်းကျပ် ကျပ်ကန့် သတ်ထားပါတယ်။
 ပြီးခဲ့တဲ့ဇွန်လ သရဖူဆောင်းပြီးချိန်ကတည်းကရုရှားကို ၀င်ရောက် ဖို့ ဗီဇာလိုအပ်တယ်ဆိုတဲ့အချက်ကို သူ့ ရဲ့ ဒါရိုက်တာကပြောပြထားခဲ့သင့်တာဖြစ်ပါတယ်။ ပါရဂွေးကမီဒီ ယာတွေကတော့ ဒီသတင်းကိုကျယ် ကျယ်ပြန့် ပြန့် ဖော်ပြနေကြပါတယ်။
ဂွန်ဇာလက်ဟာ ပါရာဂွေးမြို့ တော်ကိုပြန်ပြီး  လိုအပ်တဲ့  အချက်အလက်တွေကို ပြင်ဆင်ဗီဇာ ရယူပြီးမှမော်စကို ကိုပြန်လာလို့ ရမှာဖြစ်ပါတယ်။
ဒီကိစ္စမှာမယ်စင်္ကြာဝဠာရဲ့ ခရီးစဉ်အစအဆုံးကို မစစ်ဆေးပဲလေယာဉ်ပေါ်တက်ခွင့်ပေးခဲ့ တဲ့လေကြောင်းလိုင်းမှာလည်း တာဝန်ရှိတယ်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ်တုန်းကလည်း  တောင်အာဖရိကမှာကျင်းပတဲ့မယ်ကမ္ဘာပွဲစဉ်တုန်းကလည်းဒါမျိုး အဖြစ်အပျက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီတုန်းကလည်း ပနားမယ်ဟာ ဗီဇာမပါလို့  လေယာဉ်ပေါ်တက်ခွင့်မရပဲ ပြိုင်ပွဲကို ၀င်ပြိုင်ခွင့်မရခဲ့ပါဘူး။
the melting pot 4 U

 Source

No comments:

Post a Comment