CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
နှစ်တစ်ရာသက်တမ်းရင့် သစ်ပင်ကြီး စည်ပင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ခုတ်လှဲ
မကွေး၊စက်တင်ဘာလ၉
မကွေးမြို့လမ်းငါးဂွရှိ နှစ်(၁၀၀)သက်တမ်းရင့် ကုက္ကိုပင်ကြိးအား ယခုဆောက်လုပ်လျှက်ရှိသော အဆင့်မြင့်(၃) ထ ပ်ဈေးအားအနှောက်အယှက်ပြုနိုင်သည်ဟု ယူဆရသောကြောင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ခုတ်လှဲရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ မလွတ်ကင်းတဲ့အကိုင်းအလက်တွေကို ခုတ်ဖို့ပါ၊ ဒါပေမဲ့ခုတ်ရမဲ့အနေအထားက ငုံး တိုကြီး အထိခုတ်ရမှာဆိုတော့၊မြို့လည်ခေါင်မှာရှိတာရယ်၊အဆောက်အဦးမှန်တွေကိုထွက်လာမဲ့အကိုင်းအလက်
တွေက လာပြီးထိခိုက်နိုင်တာကြောင့် အဖွဲ့ရဲ့ဆုံးဖြတ်ချက်ယူခဲ့တာပါ” ဟုစည်ပင် လက် ထောက် ညွှန် ကြားရေးမှူးမှ ရှင်းပြခဲ့သည်။
ယခင်ရွှေလှရောင် စား သောက် ဆိုင်နေရာအားဖျက်သိမ်း၍ အဆင့်မြင့်(၃)ထပ်ဈေးဆောက်လုပ်နိုင်ရန်(LEGACY GROUP) မှတာ ၀န်ယူဆောက်လုပ်နေခြင်းဖြစ်သည်။
“ ဒါမျိုးဆိုတာကသေချာတွက်ချက်စဉ်းစားပြီးမှလုပ်သင့်တယ်ဗျ၊ဖွံ့ဖြိုးတိုးတက်မှုရှိလာတာမှန်ပေမဲ့၊ ပတ်ဝန်းကျင်အများအကျိုးသက်ရောက်မှုကိုကြည့်ဖို့လိုမယ်ဗျ၊လမ်းဘေးမှာပေါက်နေတဲ့
သက်တမ်း ရင့် သစ်ပင်တစ်ပင်ကို ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဖြိုဖျက်ပြစ်တယ်
လို့မြင်ပါ တယ်၊” ဟုသ ဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး လူမှုအကျိုးပြုလုပ်နေသော ကိုမျိုးမြင့်ဦး(Green Net Work)မှ မှတ် ချက်ပြု ပြောသည်။
မကွေးမြို့အထင်ကရလမ်းမကြိးပေါ်ရှိ သက်တမ်းရင့်သစ်ပင်ကြိးများမှာ တိုးတက် လာသောအဆောက် အဥိး များဆောက်လုပ်လာရာမှ အပြီးတိုင်ခုတ်ထွင်ရှင်းလင်းခံနေရသည်ဟု၎င်းကဆက်လက်ဆိုသည် ။ပြည်တော် သာတိုက်များဝန်းအတွင်းရှိသစ်ပင်များမှာလည်းခုတ်လှဲခံခဲ့ရသည်။
မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနသို့သွားရောက်မေးမြန်းခဲ့ရာယခင်ကသစ်ပင်ကြီး
များခုတ်မည်ဆိုလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီကတိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြပြီး၊ သစ် တောဦးစီးဌာ နသို့အကြံပြုချက်တောင်းခံလေ့ရှိသော်လည်း ယခုသစ်ပင်ခုတ်လှဲခြင်းနှင့်ပတ်သက်၍ တစ်စုံ တစ်ရာ အကြောင်းကြားထားခြင်းမရှိဟုဖြေကြားခဲ့သည်။
မကွေးတိုင်းဒေသသည် ယခင်တပ်မတော်အစိုးရလက်ထက်တွင် ကိုးခရိုင်စိမ်းလန်းစိုပြေရေးစီမံချက် တွင်အဓိကပါဝင်ခဲ့သည်ဟုသိရသည်။
ဦးမင်း
Popular Myanmar News Journal
နှစ်တစ်ရာသက်တမ်းရင့် သစ်ပင်ကြီး စည်ပင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ခုတ်လှဲ
Reviewed by
VC
on
October 08, 2013
Rating:
5
No comments:
Post a Comment