Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ဗြိတိန်၏ အချမ်းသာဆုံး လူငယ်စာရင်းတွင် ပါဝင်လာသည့် ရိုစီဟတ်တင်ဂမ်

အသက်(၂၆)နှစ်ရှိ စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပိုမိုအောင်မြင်ကျော်ကြား လူသိများလာသလို ဝင်ငွေအရလည်း တိုးပွားပိုင်ဆိုင်လာရာ ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး စာရင်းတွင် အဆင့်(၂၇) ချိတ်ခဲ့သည်။


ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး လူငယ်အယောက်(၃၀) စာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရိုစီ ဟတ်တင်ဂမ် ဝှစ်တလီ ပါဝင်လာပြီ ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပိုမိုအောင်မြင်ကျော်ကြား လူသိများလာသလို ဝင်ငွေအရလည်း တိုးပွားပိုင်ဆိုင်လာရာ ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး စာရင်းတွင် အဆင့်(၂၇) ချိတ်ခဲ့သည်။ ယခုစာရင်းကို ပြုစုသည့် Heat မဂ္ဂဇင်းက လာမည့် နှစ်များအတွင်း ရိုစီအနေဖြင့် ယခုထက် အဆင့်တက်လာဦးမည်ဟုလည်း ခန့်မှန်းထားသည်။ သို့သော်လည်း Transformers: Dark of the Moon မင်းသမီးသည် ဂီတနှင့် ရုပ်ရှင်နယ်ပယ်မှ စူပါစတားများနှင့် ယှဉ်လျင်မှု ဓနအင်အား ကြီးကြီးမားမား ကွာဟနေဆဲ ဖြစ်သည်။

Victoria's Secret မော်ဒယ်လ်သည် ပေါင်စတာလင် (၅.၆)သန်းမျှသာ ကြွယ်ဝသော်လည်း ထိပ်ဆုံးနေရာမှ အမျိုးသား ဂီတအဖွဲ့ One Directionက စတာလင်ပေါင် (၅၉.၃၃)သန်းထိ ပိုင်ဆိုင်ထားသည်။ ဒုတိယ နေရာတွင်မူ Harry Potter ဇာတ်ဆောင် ဒန်နီရယ်လ် ရက်ကလစ်ဖ်က ပေါင်စတာလင် (၅၆.၁၉)သန်းဖြင့် ရပ်တည်နေသည်။ လူတစ်ဦးချင်း ချမ်းသာကြွယ်ဝမှုနှင့် နှိုင်းယှဉ် တွက်ချက်မည် ဆိုပါကမူ ဒန်နီရယ်လ်သည် ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ညွှန်းဆိုနိုင်မည် ဖြစ်သည်။ ၎င်းတို့နောက်တွင် ရောဘတ်ပက်တင်ဆန်၊ ကီရာနိုက်တလေ၊ အမ်မာဝပ်ဆန်၊ အဒဲလ်၊ ရူးပတ်ဂရန့်တ်၊ ကယ်လ်ဗင်ဟားရစ်နှင့် ချယ်ရီကိုးလ်တို့က အစဉ်လိုက် ရပ်တည်လျှက် ရှိသည်။

ဒီဗွန်တွင် မွေးဖွားသည့် ရိုစီသည် Transformers: Dark of the Moon ဇာတ်ကား၏ အောင်မြင်မှုများကြောင့် ဝင်ငွေတိုးပွားမှုအတွက် အထောက်အကူ ရရှိခဲ့သလို ဖက်ရှင်မော်ဒယ်လ် ကဏ္ဍတွင် စာချုပ်သစ် အများအပြား ချုပ်ဆိုနိုင်ခဲ့ခြင်းကလည်း သူမ၏ ဓနအင်အား တိုးပွားမှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ အသက်(၁၆)နှစ် အရွယ်က မော်ဒယ်လ် အေဂျင်စီ တစ်ခုနှင့် စတင် အလုပ်လုပ်ခဲ့သော ရိုစီသည် နှစ်အနည်းငယ်အတွင်း Victoria's Secret၏ ရွေးချယ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး Burberryကဲ့သို့ အထင်ကရ ဖက်ရှင် အမှတ်တံဆိပ်များအတွက် ကိုယ်စားပြုခွင့်လည်း ရရှိနေပြီ ဖြစ်သည်။

From: Planet

No comments:

Post a Comment