Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 28, 2013

ဗြိတိန်မှဗလီများ ဗုံးခွဲရန် ကြံစည်မှုနှင့် လူသတ်မှုအတွက် ယူကရိန်းကျောင်းသား ထောင်ဒဏ် အနှစ်၄၀ ကျ



အောက်တိုဘာ ၂၈။

ဗြိတိန်တရားရုံးက ယူကရိန်းကျောင်းသားတစ်ဦးကို မူစလင်ဘာသာဝင် အဖိုးဖြစ်သူကို သတ်မှုနှင့် ဗလီသုံးလုံးကို ဗုံးခွဲရန် ကြံစည်မှုများအတွက် ထောင်ဒဏ် အနည်းဆုံး နှစ်၄၀ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

ယနေ့တွင် တရားခံဖြစ်သူ Pavlo Lapshyn အသက် ၂၅နှစ်သည် က သူ၏ ပြစ်ဒဏ်အတွက် ရုံးတော်သို့ အသနားခံ မည်ဖြစ်သည်။  ဧပြီလက သူသည် ဘာမင်ဟန်မြို့လယ် ဗလီတစ်ခုမှ ပြန်လာသော အဖိုးဖြစ်သူ မဟာမက်စလင်းမ် အသက် ၈၂နှစ်ကို ဓားဖြင့် ထိုးသတ်ခဲ့သည်။ ယင်းပြင် ယခုနှစ် ဇူလိုင်နှင့် ဇွန်လများ အ တွင်း တစ်တန်မြို့နှင့် ၀ါဆောမြို့များတွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး ဗြိတိန်မှ ဗလီသုံးလုံး ဖောက်ခွဲရန် ကြိုးပမ်း မှုများ တွင်လည်း ပါဝင်ခဲ့သည်။ ယင်းနှစ်မြို့မှ ပေါက်ကွဲမှုများတွင် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်နာ ကျင်မှု မရှိခဲ့ဟု ဆိုသည်။

Lapshyn သည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း Dnipropetrovsk မြို့မှ ဘွဲ့လွန်ကျောင်းသား တစ်ဦးဖြစ်သည်။

Ref: AFP
မြန်မာ့ခေတ်

No comments:

Post a Comment