Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ဒေါင်းပုံကဲ့သို့ဖြစ်နေသော ကျွန်းနက်သားအား ဒေါ်အောင်ဆန်းစုကြည်ကို လှူဒါန်းမည်


နောင်ချို၊ အောက်တိုဘာ ၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လုံခမ်း NLD ရပ်/ကျေးဥက္ကဋ္ဌမှ လာရောက်လှူဒါန်းသွားသော သဘာဝအလျောက် ဒေါင်းအမြီးသဏ္ဍာန်ပုံပေါ်နေသော ကျွန်းနက်သားအားအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

“ဒီ ကျွန်းနက်သားတုံးကို လွှဆွဲရင်းနဲ့ တွေ့တာပါ၊ ပုံစံကြည့်လိုက်တော့ ဒေါင်းပုံပေါက်နေတာနဲ့ ကျွန်တော်တို့ရုံးကို လာလှူ သွားတာပါ၊ ကျွန်တော်တို့က ဒေါ်စုကို ပြန်ပြီးလှူဒါန်းသွားမှာပါ”ဟု နောင်ချိုမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဒေါင်းပုံ ကျွန်းနက်သားတုံးအား အနည်းငယ်ပြင်ဆင်မှု ပြုလုပ်ထားပြီး ဒေါင်းပုံအား ရွှေချထားကြောင်း အလှူရှင် ကိုယ်တိုင်မှလည်း ဒေါ်စုအားလှူဒါန်းရန် ဆန္ဒရှိကြောင်း၊ လက်ရှိ ဥရောပခရီးစဉ်မှ အပြန်တွင် နေပြည်တော်၌ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း နောင်ချိုမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

No comments:

Post a Comment