Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ဘရာဇီယာ ရတနာ


 လူကြိုက်များတဲ့ Victoria's Secret ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဒီဓာတ်ပုံကို တင်လိုက်တော့   နှစ်သက်
ကြောင်း ကလစ်သူ (Like လုပ်သူ) ခြောက်သောင်းလောက် ရှိသွားပါတယ်။

ရှယ်တဲ့သူလည်း လေးထောင်ဝန်းကျင် ရှိသွားပါတယ်။ ရတနာစိန်ကျောက် အပွင့်ပေါင်း ၄,၂ဝဝ ခြယ်သ ထားတဲ့ ဒီ Royal Fantasy Bra ကို ဝတ်ဆင်ထားသူကတော့ မော်ဒယ် Candice Swanepoel ပါပဲ။

Victoria's Secret ရဲ့ စူပါမော်ဒယ် ဒီကလေးမရဲ့ ရတနာရင်ဖုံး ပါဝင်တဲ့ ပြပွဲကို လာမယ့်လမှာ မြင်ရဖွယ် ရှိပါတယ်။ ကမ္ဘာတလွှား ဖက်ရှင် ပရိသတ်အတွက်တော့ ဒါဝတ်ပြီးပြသတဲ့ မော်ဒယ်ရှိုးကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ CBS ရုပ်သံကနေ ထုတ်လွှင့်ပါမယ် တဲ့။

 Victoria's Secret က သူ့ထုတ်ကုန်တွေ နာမည်ကြီးအောင် ထူးထူးခြားခြား လုပ်ပြတဲ့သဘောဖြစ် ပါလိမ့်မယ်။ Victoria's Secret ဆိုတာက အမျိုးသမီး အသုံးအဆောင်တွေနဲ့ နာမည်ကြီးတာပါ။

ဆိုင်ခွဲတွေကို နိုင်ငံတကာ မြို့ကြီးတွေမှာ ဖွင့်ထားပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့ကိုတောင် လာမယ့်နှစ်တွေအတွင်း ရောက်လာနိုင်ပါတယ်။

သူ့ရဲ့ ဆက်ဆီဖြစ်တဲ့ရောင်းကုန်တွေက ဈေးကြီးလွန်းတာကြောင့် သူတို့ရဲ့ ပစ်မှတ်ကတော့ ငွေဖြုန်းနိုင် သူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘရာဇီယာအကြောင်း ပြန်ဆက်ရရင် ... ဒါက Victoria's Secret ဆိုတဲ့ တံဆိပ်ကို လူပိုပြီး သိအောင်၊ အထင်ကြီးအောင် လုပ်တဲ့ ထွင်ကွက် ဖြစ်မှာပါ။

ခြယ်ထားတဲ့ ကျောက်မျက်က အတုဖြစ်စေ အစစ်ဖြစ်စေ... ဒီလို မာဂေါက်ဂက် ဘရာဇီယာမျိုးတော့ ဘယ်သူမှ ၀ယ်ဝတ်မယ် မထင်ပါဘူး။ ကလီယိုပါထရာတောင်မှ ရုပ်ရှင်ရိုက်ကွင်းရောက်မှ ၀တ်ဖွယ် ရှိပါတယ်။

အဲဒါ ဒေါ်လာ ဆယ်သန်း တန်တဲ့ ရတနာပစ္စည်းတွေလို့ ဆိုတယ်။ ဈေးအကြီးဆုံးကတော့ တွဲလောင်း ချထားတဲ့ ပတ္တမြားကြီး ဖြစ်ပါလိမ့်မယ်လို့ သတင်းတပုဒ်က ဆိုတယ်။ ဒီမော်ဒယ်ကလည်း အဲဒီ ပတ္တမြား ကိုပဲ စိတ်ဝင်စားနှစ်သက်တယ်လို့ သတင်းတပုဒ်က ဆိုတယ်၊ သူတို့ဆီမှာ စိန်တွေပဲ ထွက်လို့ ဖြစ်ပါ လိမ့်မယ်။ ဘရာဇီယာမှာ ကပ်ထားတဲ့ စိန်တွေကလည်း ဈေးမသေးပါ။

ဟိုနှစ်တွေတုန်းက နာမည်ကြီး ရုပ်သံပြကွက် စိန်စီသောညက ကြည့်ရတာ သိပ်အဆင်မပြေပေ မယ့်
ဟောဒီ   စိန်စီတဲ့ ဘရာဇီယာကတော့ ကြည့်ရတာ အတော်လေး အဆင်ပြေကြမယ် ထင်ပါတယ်။

 ဒီကလေးမကို ဘော်ဒီဂတ် ၂ ယောက် ခြံရံထားတယ်လို့ ပြပွဲသတင်းတွေက ဆိုတယ်။ ဒီမိန်းမချောကို စောင့်ရှောက်ဖို့ မဟုတ်ဘဲ ဘရာဇီယာကို တယောက်ယောက် ဆွဲချွတ်ယူပြေးမှာကို ဟန့်တားဖို့ ဖြစ်ပါလိမ့်မယ်။ မော်ဒယ်မ ဒီကလေးမက အသက် ၂၄ နှစ်၊ တောင်အာဖရိကနိုင်ငံကလို့ ဆိုပါတယ်။

ဧရာဝတီ

No comments:

Post a Comment