Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 27, 2013

ကန်တော်ကြီးက ခိုသားဟင်း

အခုတလော ပြင်သစ်တွေ ခေတ်စားနေတော့ ပြင်သစ်နဲ့ ဆက်စပ်တာတခု ပြောရရင် … ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ပြင်သစ်စားသောက်ဆိုင် ဖွင့်ထားတယ်။ နာမည်က Agnes ဖြစ်ပါတယ်။ 
Agnes ရဲ့ ဆိုင်ဝန်ထမ်းတဦး 
(All Photos: Steve Tickner / The Irrawaddy)


အဲဒီဆိုင်က ပြင်သစ် စားဖိုမှူး ညွှန်းတဲ့ ဟင်းလျာတခုကတော့ ခိုသားဟင်း ဖြစ်ပါတယ်။ 

ခိုသား ဆိုသော်ငြား ရွှေတိဂုံဘုရားရင်ပြင်ပေါ် အုပ်စုဖွဲ့ လာလာနားတတ်၊ အခြေချကြတဲ့ ခိုတွေကို ပြောတာ မဟုတ်ပါဘူး တဲ့။ 

အမည်က Black Forest pigeon လို့ ဆိုပါတယ်။ 

ပြင်သစ်-ဂျာမနီ နယ်စပ်ကနေ တင်သွင်းတဲ့ ငှက်တွေပါ တဲ့။

အထူးအဆန်း သုံးဆောင်လိုသူတို့အတွက် စားဖိုမှူးက အထူး ညွှန်းထားတာပါ။ ညွှန်းပေမယ့် ဧည့်သည်တချို့ကတော့ ခိုသားဟင်း ဆို လန့်သွားကြတယ်လို့ ဆိုတယ်။
ခိုသားဆိုရင် အများစုက မစားရဲကြဘူးလေ။

ပြင်သစ်ကနေ သွင်းလာတဲ့ ငှက်သားလို့ ပြောလိုက်ရင်တော့ ရဲရဲစားရဲသွားကြပါလိမ့်မယ်။

ဒါက ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားတဲ့ For Myanmar’s Well-Heeled, a Moveable Feast  ဆိုတဲ့ စာစုက ဖြစ်ပါတယ်။ အပြည့်အစုံကို http://www.irrawaddy.org/burma/magazine-lifestyle/myanmars-well-heeled-moveable-feast.html မှာ ဖတ်ပါ။

အဲဒီဆိုင်မှာ ဝိုင်အရက် နှစ်သက်သူများအတွက်လည်း ဝိုင် ကောင်းကောင်းတွေ ရှိပုံရပါတယ်။ တပုလင်း ကျပ် ၂ သိန်း ဝန်းကျင်ကနေ  သိန်း ၃၀ အထိ ရောင်းဈေးရှိတဲ့ ဝိုင်အရက် မျိုးစုံ တင်ရောင်းနေပါတယ် တဲ့။

Chateau Petrus ဆိုတဲ့ တပုလင်းကို $64,000 ပေါက်ဈေးရှိတဲ့ ဝိုင် မှာရောင်းဖူးတယ်၊ ဝယ်ယူ သောက်သုံးသူ မရှိတဲ့အတွက် ပြန်ပို့လိုက်ရတယ်လို့ အဲဒီဆိုင်က ဆိုပါတယ်။

ဆိုင်အများစုမှာတွေ့ရတဲ့ဝိုင်ပုလင်းတွေလည်း သူတို့မှာ ရှိနေပါတယ်။ ဈေးအပေါဆုံးက တပုလင်း ကျပ်ငါးထောင်ပါ။ 



ဆိုင်ဖွင့်ချိန်က နေ့လယ်စာအတွက်ဆို  11 am – 2:30 pm 
ညစာ အတွက်ဆို  6:30 pm – 10 pm 

မူရင်း 
 http://www.irrawaddy.org/burma/magazine-lifestyle/myanmars-well-heeled-moveable-feast.html မှာ ပါဝင်တဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ 





No comments:

Post a Comment