Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 21, 2013

ဗေဒင်ဆရာမတစ်ဦး ဆွဲကြိုးချ၍ မိမိကိုယ်ကို အဆုံးစီရင်


Monday, October 21, 2013

တိုက်ကြီးမြို့တွင် အမျိုးသမီးဗေဒင် ဆရာမတစ်ဦး အောက်တိုဘာ ၁၉ ရက်က မိမိကိုယ်ကို ဆွဲကြိုးချပြီး အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်က အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၄)လမ်းရှိ အမှတ်မရှိနေအိမ်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သတင်းအရမြို့နယ်ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် သေဆုံးနေသူမှာ ဗေဒင်ဆရာမဖြစ်သည့် မသီတာထွေး (၄၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

၎င်းသည် အမြင့်ရှစ်ပေခန့်ရှိ နေအိမ်အနောက်ထုတ်တန်းတွင် အရှည်ခုနစ်ပေရှိသည့် အစိမ်းရောင်နှင့် အနီရောင် လက်သန်းလုံးခန့်ရှိ ပလပ်စတစ်ကြိုးနှစ်ချောင်းပူးနိုင်လွန်ကြိုးနှင့်အတူ ဆွဲကြိုးချသေဆုံး နေသည်ကို တွေ့ရှိခဲ့ရသည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

အလောင်းအား စစ်ဆေးရာတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးနိုင်ရန် တိုက်ကြီးဆေးရုံသို့ ပို့အပ်ထားရာ ဆေးရုံမှ အလှည့်ကျဆရာဝန် ဒေါက်တာကျော်ဇင်ပြုံးက လက်ခံစစ်ဆေးနေသည်ဟု သိရသည်။

အဆိုပါ သေဆုံးမှုကို သာမန်သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်
စစ်ဆေးဖော်ထုတ်ပေးရန် ဒု-ရဲအုပ် အောင်သူစိုးက တရားလိုပြုလုပ်တိုင်တန်းထားသည်။

ထို့ကြောင့် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယင်းသေဆုံးမှုကို စခန်းမှူး ဖြစ်သူက ဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်း အကြောင်းအရင်းအား သိရှိနိုင်ရန် အမှုစစ်ဆေးနေသော တိုက်ကြီးရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိခဲ့ချေ။

Mizzima - News in Burmese

No comments:

Post a Comment