Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ဒဏ်ရာပြဿနာကင်းရှင်းရန် အိမ်မှာရေခဲကန်ငယ် တပ်ဆင်ခဲ့သည့် ရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဒဏ်ရာပြဿနာ လျှော့နည်းစေရန် ရည်ရွယ်၍ ပေါင် (၄၅၀၀၀)တန်ကြေးရှိသည့်
ရေခဲကန်ငယ်အား ၎င်း၏အိမ်တွင် တပ်ဆင်လိုက်သည်။ အဆိုပါ ရေခဲကန်ငယ်မှာ အပူချိန် အနုတ် ၂၀၀ ဒီဂရီ အထိ ထားနိုင်ပြီး ကြွက်သားဒဏ်ရာ ထိခိုက်မှုများအတွက် သက်သာစေရုံသာမက ဒဏ်ရာရနေသူများအနေဖြင့် ရေခဲကန်ငယ်
အတွင်း ၀င်စိမ်ပါက ဒဏ်ရာပြဿနာမှ လျှင်မြန်စွာ ပြန်လည်ပျောက်ကင်းစေနိုင်
သည့် အစွမ်းရှိကြောင်း သိရသည်။
ရော်နယ်ဒိုမှာ လာမည့်စနေနေ့တွင် ရီးရဲလ်အတွက် အယ်လ်ကလက်စီကို ပွဲစဉ်ကစားရမည်ဖြစ်ပြီး ပေါ်တူဂီအတွက်
လည်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ခြေစစ်ပွဲစဉ် ကစားပေးရမည်ဖြစ်သောကြောင့် ဒဏ်ရာပြဿနာကင်းစင်နေစေရန် အဆိုပါရေခဲကန်ငယ် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

zaw zaw tun

No comments:

Post a Comment