Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာ၌ရှိ



အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

သဘာဝ ဘေးအန္တရာယ်ဟု သတ်မှတ်ထားချက်တွင် ရေကြီးမှုများ၊ မုန်တိုင်းဝင်ရောက်မှုများ၊ မီးလောင်မှု ဖြစ်စဉ်များနှင့် ငလျင်ဒဏ် ခံစားရမှုများ အဓိကပါဝင်ပြီး ယင်းအခြေအနေတွင် အရှေ့တောင်အာရှ နိုင်ငံများထဲမှ အင်ဒိုနီးရှားနိုင်ငံမှာ ပထမနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယနေရာသို့ ရောက်ရှိနေ သည်။

"သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ကမ္ဘာနဲ့ ချီပြီးတော့ စာရင်းပြုစု ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံ အင်ဒိုနီးရှားနောက်မှာ ဒုတိယနေရာ ရောက်ရှိနေ ပါတယ်"ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေးအန္တရာယ် များကြောင့် သေဆုံးသူ ၁၄၀၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင်လည်း သဘာဝ ဘေးအန္တ ရာယ် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူ ၂၃၁၄၅၈၄ ဦး ရှိခဲ့သည်။

ယင်းအတွက် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ပါရှိချက်အရ ဘေးအန္တရာယ် အများဆုံး ခံစားရသည့် ကလေးသူငယ်၊ သက်ကြီး ရွယ်အို၊ မသန်စွမ်းသူနှင့် အမျိုးသမီးများကို ဦးစားပေး ကူညီစောင့်ရှောက်သွားရမည်ဟု ထည့်သွင်း ထားကြောင်း သိရသည်။ ယင်းအပြင် ကြိုတင်ခန့်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များတွင်
ဒေသခံအစိုး ရမှာ စီမံတုံ့ပြန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြီးမားသော သဘာဝ ဘေးအန္တရာယ်များ အတွက် နိုင်ငံတော်အဆင့်မှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ သိရ သည်။

"အဓိကဖြစ်လာတဲ့ သဘာဝဘေး အန္တရာယ်ပေါ်မှာမူတည်ပြီး ဒေသခံအစိုးရနဲ့နို င်ငံတော် အဆင့်က လုပ်ဆောင် မှုတွေ ပြုလုပ်သွားမှာပါ။ ရခိုင်မှာဖြစ်မယ့် အနေအထား သဘာဝ ဘေးအန္တရာယ်ဆိုရင် နိုင်ငံတော် အဆင့်ခေါ်ပြီးဆွေးနွေးတယ်။ ပြီးတော့ ဒုတိယသမ္မတက သွားပြီး ဆောင်ရွက်တယ်။ ဒါပေမဲ့ အသေး အဖွဲ့ ဖြစ်စဉ်တွေဆိုရင် ဒေသခံ အစိုးရက ၀င်ဆောင်ရွက်တယ်" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။

ယင်းအပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ချက်ချင်း ဖြေရှင်းနိုင် ရန်အတွက် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် လေ့ကျင့် မှု အစီအစဉ်များ၊ သင်တန်းများ ပြုလုပ် ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း လူမှုဝန် ထမ်း ကယ်ဆယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

No comments:

Post a Comment