Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 2, 2013

တစ်ကမ္ဘာ လုံး ၌ အတော်ဆုံး အင်ဂျင်နီယာ ကျောင်းသား အဖြစ် ရွှေတံဆိပ် ဆု ရခဲ့သည့် မန္တလေး မှ မြန်မာ့ ဂုဏ်ဆောင် ကျောင်းသား


အင်္ဂလန် နိုင်ငံ City & Guilds International ( UK ) က တိုက်ရိုက် စစ်ဆေး သော စာမေးပွဲ တွင် Naypyidaw EngineeringCenter ( NEC ) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း ကျောင်း မှ ၂၀၁၁ - ၂၀၁၂ ပညာ သင်နှစ် ကျောင်း သား တစ်ဦး ဖြစ်သည့် မောင် အာကာဟိန်း မှာ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် တွင် တစ်ကမ္ဘာ လုံး ၌ ပထမဆု ရ ရှိ သွားသဖြင့် ရွှေ တံဆိပ် ဆု ချီးမြှင့် ခြင်း ခံခဲ့ ရကြောင်း သိရ သည်။ မန္တလေးမြို့ အင်ဂျင်နီယာ ဒီပလို မာ သင်တန်း ကျောင်း ကို City & Guilds International ၏ Approved Centre အဖြစ် ၁၉၉၉ ခုနှစ် က စတင်ဖွင့် လှစ်ခဲ့ ပြီး ၁၄ နှစ် အ တွင်း အင်ဂျင်နီယာ ဒီပလိုမာ အဆင့် ရရှိ သွားသူ ၆၀၀ ကျော်၊ အဆင့်မြင့် ဒီပလိုမာ ရရှိ သွားသူ ၃၀ ကျော်နှင့် အောင် လက်မှတ် အဆင့် ရရှိသူ ၁၀၀၀ ကျော် မွေး ထုတ် သင်ကြား ခဲ့ပြီး ဖြစ်သည်။


''NEC ကျောင်း က စာ မေးပွဲ အောင်ဖို့ သင်တဲ့ ကျူရှင် မဟုတ် ပါဘူး။ ဂုဏ်သိက္ခာ ရှိတဲ့ အတတ် ပညာတွေ ရဖို့ သင်ပေးတဲ့ ကျောင်း ပါ။ စာမေးပွဲ အောင်ဖို့ ဆို တဲ့ ဆန္ဒ ထက် တတ်မြောက် ကျွမ်း ကျင် တဲ့ အင်ဂျင်နီယာ ဖြစ် ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစား ပါ''ဟု တစ် ကမ္ဘာလုံး ပထမ ရွှေတံဆိပ် ဆုရှင် အား ဂုဏ်ပြု ဆုချီးမြှင့် ပွဲ တွင် NEC ကို တည်ထောင်သူ ဆရာကြီး ဦးလှ အောင် က ပြောသည်။

၂၀၁၁ - ၂၀၁၂ ပညာရည် ချွန် ဆုပေးပွဲ ကို စက်တင်ဘာ ၂၈ ရက် က ဟိုတယ် မန္တလေး ခန်းမ တွင် ကျင်းပ ရာ မြန်မာ နိုင်ငံ အင်ဂျင်နီယာ အသင်း ( မန္တလေး အသင်း ခွဲ ) ဥက္ကဋ္ဌ၊ မန္တလေး မြို့ေ တာ် စည် ပင် သာယာရေးေ ကာ် မတီဝင် ဦးထွန်းကြည် က အမှာ စကားပြော ကြား ခဲ့ပြီး British Council ၏ Office Manager ဆရာ ဦးအေး ကြူ က နိုင်ငံတကာ အသိ အမှတ် ပြု သင်တန်း များ၊ စာမေးပွဲ များ နှင့် ပတ်သက် ၍ ပြောကြား ကာ NEC ကျောင်းအုပ် ဆရာကြီး ဦးလှအောင် က သင် တန်း နှင့် ပတ်သက်၍ ရှင်း လင်း ပြောကြား သည်။

တာဝန် ရှိသူများ က သင်ကြား မှု ထူးချွန် ရွှေတံဆိပ် ဆုရ ဆရာမ ဒေါ်အေးမြတ်မွန်၊ တစ် ကမ္ဘာလုံး တွင် ရွှေ တံဆိပ် ဆုရ မောင်အာ ကာဟိန်း၊ အင်ဂျင်နီ ယာ ဒီပလိုမာ နှင့် အဆင့်မြင့် Advanced Diploma ထူးချွန်စွာ အောင်မြင်သူ များ ကို ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြောင်း သိရသည်

No comments:

Post a Comment