Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

မက္ကဆီကို သမ္မတဟောင်း၏အီးမေးလ် ထိုးဖောက်ဖတ်ရှုသော အမေရိကန်ထောက်လှမ်းရေး မက္ကဆီကိုအစိုးရ ပြင်းထန်စွာရှုတ်ချ

news_for_mteapy_afpမက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၁
မက္ကဆီကို သမ္မတဟောင်း ဖိလစ်ကယ် ဒါရွန်၏ အီးမေးလ်များကို အမေရိကန် ထောက်လှမ်းရေးက နည်းပညာဖြင့် ခိုးဝင်ထိုးဖောက် ဖတ်ရှု နိုင် ခဲ့ကြောင်း အမေရိကန် ထောက် လှမ်းရေး အေ ဂျင်စီ၏ ကန်ထရိုက်ဟောင်း စနိုးဒန်၏ ဖွင့်ချချက်အရ ဂျာမနီ သတင်းမဂ္ဂဇင်း က ရေးသားဖော်ပြထားခဲ့ရာ မက္ကဆီကို အစိုးရက အဆိုပါ လုပ်ရပ်အတွက် အမေရိကန်ကို ပြင်းထန် စွာ ရှုတ်ချပါကြောင်း တရားဝင် ပြောဆိုခဲ့သည်ဟု AP သတင်းတစ်ရပ်က ဖော်ပြထားသည်။
“ဒီလုပ်ရပ်ဟာ လက်မခံနိုင်ဖွယ်ရာ ဖြစ်ပါတယ်။ တရားမဝင်သလို မက္ကဆီကို ဥပဒေနဲ့ရော နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်တာ ဖြစ်ပါတယ်” ဟု မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမေရိကန် အစိုးရသို့လည်း သံတမန်ရေးအရ မှတ်ချက်ပြု အကြောင်းကြားထားပြီး ဖြစ်ကာ ယင်းပေးပို့ အကြောင်းကြားချက်တွင် အိမ်နီးချင်း လက်တွဲဖော်နိုင်ငံများ အချင်းချင်း ယင်းသို့ လုပ်ရပ်မျိုးကို မလုပ်သင့်ကြောင်း ထည့်သွင်း သတိပေးလိုက်သည်ဟုလည်း ပါဝင်သည်။
မက္ကဆီကိုသမ္မတဟောင်း ကယ်ဒါရွန်သည် ဟားဗတ်၏ ကနေဒီအစိုးရ အုပ်ချုပ်ရေး တက္ကသိုလ်တွင် ဧည့်ပညာရှင်တစ်ဦးအဖြစ် ရောက်ရှိနေသည်။
လက်ရှိသမ္မတ အင်းနရစ်ပီနာနီတို ရွေးကောက် တင်မြှောက်ခြင်း မခံရခင်ကလည်း အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ NSA က ၎င်း၏ အီးမေးလ်များကို ဖွင့်ဖောက်ဖတ်ရှုကြောင်း ထောက်လှမ်းရေးသတင်း အပြင်ပေါက်ကြားမှုကြီးတွင် ပါဝင်လာခဲ့ဖူးသည်။
ထိုကိစ္စသာ အမှန်တကယ် ဖြစ်ခဲ့ပါလျှင် အဆိုပါ လုပ်ရပ်သည် တရားမဝင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်း၏ အစိုးရအဖွဲ့က တောင်းဆိုခဲ့ဖူးသည်။
“မက္ကဆီကိုအနေနှင့် အဆိုပါ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးပေးရန် ကိစ္စကို ထပ်မံအာရုံစိုက် ပြောကြားလိုကြောင်း၊ အမြန်ဆုံး အဆုံးသတ်ပေးရန်လည်း သံခင်းတမန်ခင်းအရ သတိပေးလိုပါကြောင်း” မက္ကဆီကို နိုင်ငံခြား ဆက်ဆံရေးဌာနက ဖော်ပြထားသည်။
အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ NSA သည် ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘရာဇီးစသော အခြားလက်တင်နိုင်ငံများမှလည်း အီလက်ထရွန်နစ် သတင်းအချက်အလက်များကို ကြားဖြတ်ဖမ်းယူမှုများ ပြုလုပ်သည်ဟု စွပ်စွဲခံရမှုများ ရှိသည်။
ရုရှားတွင် G20 အစည်းအဝေး ပြုလုပ်စဉ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဘရာဇီးသမ္မတ ရောက်စ်ဆက်ဖ်နှင့် မက္ကဆီကိုသမ္မတ နီတိုတို့ကို ထောက်လှမ်းနေသည်ဆိုသည့် အချက်အလက်ကို ပြန်လည် စုံစမ်းစစ်ဆေး သုံးသပ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အမေရိကန်အစိုးရ၏ ထောက်လှမ်းရေး သတင်းများကို ဖွင့်ချပေးခဲ့သော အက်ဒ်ဝပ်စနိုးဒန်သည် ရုရှားတွင် တစ်နှစ်ခိုလှုံခွင့် ရရှိခဲ့ပြီး ၎င်းတွင် အမေရိကန် အစိုးရကို ထိခိုက်စေနိုင်မည့် အခြားသတင်းအချက်အလက် များလည်း ရှိသေးကြောင်း သတိပေးထားသည်။
The Voice Weekly


No comments:

Post a Comment