Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 21, 2013

အီဇာဂွန်ဇာလက်ဇ်၏ အလှအပရေးရာ အကြံပြုချက်တစ်ခု



လီယမ်ဟမ်းဆွော့သ်နှင့် ချစ်သူများ ဖြစ်လာသည့်နောက် အမေရိကန် မီဒီယာများ၏ အာရုံစိုက်မှုကို လျင်လျင်မြန်မြန် ခံယူလာနိုင်သည့် အဆိုတော် မင်းသမီးလေးသည် သဘာဝအတိုင်း အသားအရေ လှပ ချောမွေ့သူအဖြစ် ချီးကျူးခံထားရ

သူမအနေဖြင့် အလှအပ ကဏ္ဍအတွက် မိတ်ကပ်လျှော့သုံးခြင်းသည် အကောင်းဆုံး အကြံဉာဏ် တစ်ခုဟု ယူဆကြောင်း အီဇာ ဂွန်ဇာလက်ဇ်က မှတ်ချက်ပြုခဲ့သည်။ မိုင်လီဆိုင်းရပ်စ်နှင့် လမ်းခွဲခဲ့သည့် The Hunger Games: Catching Fire စတား လီယမ်ဟမ်းဆွော့သ်နှင့် ချစ်သူများ ဖြစ်လာသည့်နောက် အမေရိကန် မီဒီယာများ၏ အာရုံစိုက်မှုကို လျင်လျင်မြန်မြန် ခံယူလာနိုင်သည့် အဆိုတော် မင်းသမီးလေးသည် သဘာဝအတိုင်း အသားအရေ လှပ ချောမွေ့သူအဖြစ် ချီးကျူးခံထားရသည်။ အီဇာသည် ဗုဒ္ဓဟူးနေ့က သူငယ်ချင်းများနှင့်အတူ ဘီဗလီဟေးလ်တွင် ညစာထွက်စားခဲ့ရာ နီညိုရောင် ဂါဝန်လေးဖြင့် ရိုးရှင်းစွာ လှပကျော့ရှင်းနေသည်ကို တွေ့ရသည်။

အသက်(၂၃)နှစ်ရှိ မက္ကစီကို တက်သစ်စ ကြယ်ပွင့်လေးက သူမ၏ အလှအပ လျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး မေးမြန်းသော ပရိသတ်များကို Instagramမှတစ်ဆင့် တုံ့ပြန် ဖြေကြားခဲ့ရာ မိတ်ကပ် လျှော့သုံးသင့်ကြောင်း အကြံပြုခဲ့ခြင်း ဖြစ်သည်။ သူမသည် သူငယ်ချင်းများနှင့် ထွက်လည်ခဲ့သည့် ဓာတ်ပုံအချို့ကို လွှင့်တင်ခဲ့ပြီးနောက် "မိတ်ကပ်ကို လျှော့သုံးတယ်ဆိုတာ အလှအပအတွက် အမြဲတမ်း အဆင်ပြေတဲ့ နည်းလမ်းပါပဲ"ဟု ရေးသားထားခဲ့သည်။ သူမသည် ယခင်ကလည်း မိတ်ကပ်မပါသည့် သဘာဝ အသားအရေနှင့် ဓာတ်ပုံများကို Twitterနှင့် Instagramတို့တွင် ဂုဏ်ယူစွာ ပြသခဲ့ဖူးသည်။

From: Planet

No comments:

Post a Comment