Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2013

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်



ဒဂုံဆပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က အသက် (၁၂)နှစ် အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှတ်တမ်းများအရ သိရသည်။

အမျိုးသမီးငယ်သည် ယင်းနေ့ညနေ (၅)နာရီခန့်က မီးဖိုခန်းအတွင်း အလုပ်လုပ်နေစဉ် အိမ်ရှင် ဦးလှထွေးက မုန့်ဖိုးဟုဆိုကာ ငွေ (၁၀၀) ကျပ်ပေးကြောင်း၊ ထို့နောက် ကြမ်းပြင်ပေါ်သို့ ဆွဲလှဲကာ အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့သောကြောင့် မိမိအိမ်သို့ ငိုယိုကာ ပြန်လာကြောင်း အတူနေထိုင်သည့် အဒေါ်ဖြစ်သူ၏ ပြောပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်၏ အဒေါ်ဖြစ်သူမှ တရားလို ပြုလုပ်တိုင်ကြားထားချက်ကို ဒဂုံဆိပ်ကမ်း မမစ(ပ)၃၃၈/၁၃ ၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ် သက်ဝေ(စခမ) က စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဝေလင်း
The Myanma Age

No comments:

Post a Comment