လင်မယားချင်းရန်ဖြစ်ပြီး ဓားဖြင့်ထိုးသတ်မှုတွေမကြာခဏဖြစ်ပေါ်လျက်ရှိရာ ယခုတခါလည်း ဇနီးဖြစ်သူက ခင်ပွန်းကို ဓားနဲ့ ထိုးသတ်မှုတစ်ခုဖြစ်ပေါ်လာပြန်
ရန်ကုန်၊ အောက်တိုဘာ ၉
၈.၁၀.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာနေ
ကိုစိုးဝင်း၊ (ဘ)ဦးလှငွေနှင့် ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းကြည်၊
(ဘ)ဦးကြည်ဝင်းတို့သည် နေအိမ်တွင် စကားများရန်ဖြစ်ကြစဉ် မသန်း သန်းကြည် မှ
ဓါးဖြင့်ထိုး၍ ကိုစိုးဝင်းတွင် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ
အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့သဖြင့် မသန်းသန်းကြည်အား အရေးယူပေးရန်
ကျေးရွာအုပ်ချုပ်ရေးမှူးမှ တိုင်တန်း ခဲ့၍ မှော်ဘီမြို့မရဲစခန်း(ပ)၅၈၁/၂၀၁၃၊
ပုဒ်မ ၃၀၂ဖြင့်
အမှုဖွင့် ကာ သက်သေခံ ပစ္စည်းသိမ်းဆည်းပြီး တရားခံအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police
No comments:
Post a Comment