Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 28, 2013

လူကြိုက်များသော ဆိုမာလီအသံလွှင့်ရုံကို အစိုးရတပ်က ၀င်ဆီး


အောက်တိုဘာ ၂၈။

ဆိုမာလီအရှေ့တောင်ပိုင်း မိုဂါဒစ်ရှူမြို့မှ  လူကြိုက်အများဆုံးလည်းဖြစ်၊ လွတ်လပ်စွာ သီးခြားရပ်တည်နေသော ဆိုမာလီ အသံလွှင့်ရုံကို လုံခြုံရေးတပ်ဖွဲ့များ အောက်တိုဘာ ၂၆ရက်က အစိုးရပိုင် အဆောက်အဦကို တရားမ၀င် ရယူထားမှုဖြင့် ၀င်ရောက်ပိတ်သိမ်းကာ အမှုထမ်းများကို ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေများက ဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီး၏ အမိန့်ဖြင့် ရှက်ဘယ်အသံလွှင့်ရုံကို ၀င်ရောက်ဆီးနင်းပြီးနောက် အစိုးရ၏ အဆောက်အဦ ဥပစာအတွင်း မည်သူမှ မ၀င်ရောက်ရန် တားမြစ်လိုက်သည်။ ၀န်ကြီးက ရေဒီယိုရှက်ဘယ်သည် လေးနှစ်လုံးလုံး အဆောက်အဦကို တရားမ၀င် သိမ်းပိုက်ထားကြောင်းဆို၏။ မျက်မြင်သက်သေ တစ်ဦးဖြစ်သူ Osman Ayanle က အသံလွှင့်ရုံမှ အမှုထမ်းများကို ကုန်တင်ကားဖြင့်တင်ပြီး ရာဇ၀တ်မှုစုံစမ်းရေးဌာနသို့ ခေါ်သွားသည်ဟု ပြောပြ သည်။

ကနဦးက ရေဒီယိုရှက်ဘယ်သည် ပြည်ထဲရေးဝန်ကြီး၏ နှင်ထုတ်သည့် အမိန့်ကို မလိုက်နာခဲ့ကြောင်း၊ ယခုအချိန်တွင် ဖမ်းဆီးထားသည့် သူများကို တရားရင်ဆိုင်နိုင်ရန် မည်သည့် စီရင်ချက်ကိုမှ မချသေးဟု ရဲဌာနက ဆိုသည်။

ရေဒီယိုရှက်ဘယ်က သူတို့သည် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် သဘောတူညီချက်တစ်ခုရ ယင်းအဆောက်အဦ တွင် တရားဝင် အသံလွှင့်ရုံ တည်ထားခြင်း ဖြစ်ကြောင်း အခိုင်အမာ ဆိုသည်။ ယင်းနေရာသည် ၁၉၉၁ခုနှစ်အတွင်း ဆိုမာလီ တစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများ စတင်ချိန်ကာလက ဆိုမာလီလေကြောင်းလိုင်းမှ ပိုင်ဆိုင်သော အဆောက် အဦ ဖြစ်သည်။

Ref: AP
From: The Myanma Age

No comments:

Post a Comment